6000.00 MMK
Author:
ချမ်းမင်းခန့်
ID: #1330
Pages: 119
"ရင့်ကျက်ခြင်းဆိုတာ လူတိုင်းလိုချင်ကြတဲ့ အရည်အသွေးတစ်ခုပါ။ ဒါပေမဲ့ ဒီအရည်အသွေးကို ရဖို့ဟာ ထင်ထားတာထက် အများကြီးပိုခက်ပါတယ်။ နာကျင်မှုတွေ၊ အရှုံးတွေနဲ့ မိမိကိုယ်ကိုထိန်းချုပ်အနစ်နာခံရမှုတွေနဲ့ရင်းနှီးပြီးမှ တဖြည်းဖြည်း ပိုင်ဆိုင်လာရတာမျိုးပါ။ - ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျင့်တရား ကောင်းချင်ကြတယ်။ စိတ်ချမ်းသာပျော်ရွှင်ချင်ကြတယ်။ လူတွေရဲ့ ယုံကြည်ခြင်း၊ ချစ်ခင်ခြင်းတွေကို ခံယူလိုကြတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ အဲဒီကောင်းကျိုးတွေကို ရရှိဖို့အတွက် စွန့်လွှတ်ပေးဆပ်မှုတွေ မလုပ်ချင်ကြဘူး။ စည်းစနစ်တကျ သည်းခံစောင့်စည်းတာမျိုး၊ ရေရှည်အကျိုးကို ကြည့်ပြီး လောလောဆယ် နစ်နာရတာမျိုးကို ရှောင်လွှဲချင်ကြတယ်။ - ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ရင့်ကျက်တဲ့ စိတ်သဘောထား မရှိလို့ပါ။ ဒါမှမဟုတ် အားနည်းလို့သာ ဖြစ်ပါတယ်။ ဘာကိုပဲ လိုချင်သည်ဖြစ်စေ ကိုယ့်အနေနဲ့ ဘယ်လောက်အထိ ကိုယ်ဖြစ်ချင်တာအတွက် အပင်ပန်းခံနိုင်သလဲဆိုတာက မိမိရဲ့ရင့်ကျက်မှု အတိုင်းအတာပါပဲ။ - အခုစာအုပ်မှာတော့ ကိုယ့်ရဲ့ စိတ်ဓာတ်အရည်အသွေးတွေကို မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းသထက် ကောင်းအောင် ဘယ်လိုတည်ဆောက်နေထိုင်သင့်တယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါးပေါင်း ၂၄ ပုဒ် ပါဝင်ပါတယ်" _မိုးကောင်းမြေ