Cart

လုံးစုံဉာဏ်ကျယ် ကလေးငယ်

8000.00 MMK

Author: ရှိန်ဝါ
ID: #1343 Pages: 144

- ကလေးကို သင်ရင်း မိဘကိုပါ ပြင်ဆင်ပေးနိုင်တဲ့ စာအုပ် ဖြစ်ပါတယ်။ - ဒီစာအုပ်မှာ မိဘလို့ပဲ အလွယ် သုံးထားပါတယ်။ ဒါပေမဲ့ ကလေးငယ်ကို တကယ် လက်တွေ့ ပြုစု ပျိုးထောင် စောင့်ရှောက်နေရတဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ဘိုးဘိုး၊ ဘွားဘွား စသည်ဖြင့် အားလုံးကို ရည်ရွယ်တာပါ။ ကလေး ဆိုတာကလည်း မွေးစကနေ အသက် ၁၂ နှစ်အထိ ကလေးအားလုံးကို ရည်ရွယ်ပါတယ်။ - အခန်းတစ်ခန်းချင်းစီမှာ ဉာဏ်ရည်ပေါင်းစည်းခြင်း နည်းလမ်းဆိုတာကို သိပ္ပံနည်းကျ ရှင်းလင်းစွာ နားလည်နိုင်စေဖို့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဥပမာ၊ သာဓကများနဲ့ ရှင်းလင်းသွားမှာပဲ ဖြစ်ပါတယ်။ - လုံးစုံဉာဏ်ကျယ်ကလေးငယ်များ” ဆိုတဲ့ အပိုင်းကတော့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးစေဖို့ ကလေးကို ဦးနှောက်အကြောင်း သင်ကြားပေးဖို့ပါပဲ။ ကလေးတွေ စိတ်ဝင်စားပြီး ပိုမိုနားလည်စေဖို့ သရုပ်ဖော် ကာတွန်းလေးတွေနဲ့ တင်ပြထားပါတယ်။ မိဘနဲ့ ကလေး အတူဖတ်ဖို့ပါပဲ။ - အဲဒီ တစ်ခန်းချင်းစီရဲ့ အဆုံးမှာလည်း မိဘတွေကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်နိုင်အောင်လို့၊ ဒါမှမဟုတ် မိဘတွေရဲ့ဦးနှောက်တွေကိုလည်း ပြန်လည် ပေါင်းစည်းနိုင်စေဖို့အတွက် "ကိုယ့် ကိုယ်ကိုယ် ပြန်လည်ပေါင်းစည်းခြင်း" ဆိုတဲ့ အပိုင်းကို ထည့်သွင်းထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews