Cart

အောင်မြင်သူတို့ ခရီးလမ်း

9500.00 MMK

Author: ကိုနေ (Y.I.E)
ID: #1350 Pages: 184

"ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ်တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်" _ဘာသာပြန်သူ_ - Scott Galloway ရဲ့ The Four ကို မြန်မာပြန်ဆိုထားတာ ဖြစ်ပါတယ်။ Scott Galloway ဟာ သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်လ်ကြောင့် လူသိများသူပါ။ - အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို ဒီစာအုပ်မှာ အားမနာတမ်း ချပြထားပါတယ်။ - အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။ - ဒါပေမဲ့ Scott Galloway ကတော့ ဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးတွေကိုလည်း The Four မှာ စစ်ထုတ် ရေးသားထားပြန်တယ်။ စာအုပ်ရဲ့ အစပိုင်းမှာ လုပ်ငန်းတစ်မျိုးခြင်းစီရဲ့ နည်းဗျူဟာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီကုမ္ပဏီကြီးလေးခုဆီက လေ့လာသင်ယူနိုင်မယ့် အကြောင်းအရာတွေကိုလည်း ထောက်ပြထားသေးတယ်။ - The Four ကိုဖတ်ကြည့်ရင်း သူတို့ဟာ လူသားတို့ရဲ့ စိတ်ထဲကို ဘယ်လို ထိုးထွင်းဝင်ရောက်ပြီး လွှမ်းမိုးချုပ်ကိုင်နေကြသလဲ ဆိုတာကိုလည်း သိမြင်လာလိမ့်မယ်။ - စာဖတ်သူအနေနဲ့ နည်းပညာဟာ နောင်တစ်ချိန်မှာ လူသားတွေအပေါ် ဘယ်လောက်ထိ အကျိုးပြုဦးမလဲ၊ ဒါမှမဟုတ် လူသားတွေအပေါ် ဘယ်လို ချုပ်ကိုင်အသုံးချလာမလဲဆိုတာကို စိတ်ဝင်စားသူတစ်ဦးဆိုရင်တော့ ဒီဘာသာပြန်စာအုပ်က တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်အဖြစ် ရှိနေပါလိမ့်မယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews