Cart

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖြင့် ကြွယ်၀မှုတည်ဆောက်ခြင်း

19000.00 MMK

Author: Kaung Hein Soe (Strategic),
ID: #1379 Pages: 192

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်" “အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ” “ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်” “အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်“ - တိုက်ခန်းနဲ့ မြေဝယ်ရင် သတိပြုသင့်တာတွေကစလို့ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေ - အိမ်တစ်လုံးရဲ့ Performance ကို ဘယ်တိုင်းတာမလဲ၊ အမြင့်ဆုံး Rental Income ကို ဘယ်လိုရယူမလဲ၊ အိမ်ခြံမြေတန်ဖိုးအပေါ်သက်ရောက်နေတဲ့ အကြောင်းရင်းတွေ - Investment တစ်ခုကို ဘယ်လောက်ကြာကြာကိုင်ထားသင့်လဲ စသဖြင့် စာရေးသူနှစ်ဦးက လေ့လာထားတဲ့ သီအိုရီတွေ၊ အတွေ့အကြုံတွေအပြင် မဖြစ်မနေနားလည်သဘောပေါက်ထားရမယ့် ဥပဒေရေးရာအသိပညာတွေကိုပါ မျှဝေထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews