14000.00 MMK
Author:
မိုးမိုး (ဗိသုကာ)
ID: #1390
Pages: 267
"ဗိသုကာတွေရဲ့ ပညာရပ်နဲ့ပတ်သက်တဲ့ ကိုယ်ကျင့်စံတွေလည်း သူ့ခေတ်ကနဲ့ ခြားနားတာတွေ ရှိလာပြီ။ နောင် အံ့မခန်းနည်းပညာတွေ နေရာယူလို့ ဗိသုကာတွေရဲ့ အနာဂတ်ကဏ္ဍအပေါ်တောင် မေးခွန်းထုတ်လာနေရပြီ။ မပြောင်းလဲမှာက ဗိသုကာပညာ စတင်ပေါ်လာကတည်းက လူတွေနေပျော်မယ့် ဝန်းကျင်ကောင်းတွေ ဖန်တီးပေးချင်တဲ့ စေတနာပေါ် အရင်းခံတဲ့ ဗိသုကာအလုပ်ပဲ ဖြစ်ပါတယ်။ လူတွေ ရှိနေသရွေ့ လူတွေအတွက် သင့်လျော်တဲ့ ဝန်းကျင်ကောင်းက အဟောင်း ပြင်သည်ဖြစ်စေ၊ အသစ် ဆောက်သည်ဖြစ်စေ လိုအပ်နေဦးမှာပဲ ဖြစ်တယ်" - အကောင်းဆုံး ဗိသုကာလက်ရာသည် လူအများအတွက်ဖြစ်သည်။ ပိုင်ရှင်အတွက် မဟုတ်၊ကန်ထရိုက်တာအတွက် မဟုတ်၊ အင်ဂျင်နီယာအတွက်လည်း မဟုတ်၊ ဒီဇိုင်းထုတ်သူ ဗိသုကာ အတွက်ပင် မဟုတ်ဟု ပါမေက္ခ မာရိယိုဆာလ်ဗေဒို က ဆိုပါတယ်။ - ဗိသုကာဘာသာရပ်ဟာ အတွေးကို လှုံ့ဆော် တိုးပွားစေတယ်။ ဗိသုကာက သူဖန်တီးတဲ့ ဗိသုကာလက်ရာမှာ သူ့အတွေးကို ထည့်သွင်းဖော်ပြသလို သူ့လက်ရာ မြင်ရမယ့် သူတွေကိုလည်း အတွေးတွေ ထည့်ပေးလိုက်တယ်။ - ဒီစာအုပ်က ဗိသုကာတွေကိုယ်တိုင် ဘယ်လို တွေးသင့်တယ် ဆိုတာကိုပါ နည်းပြပေးထားပါတယ်။ _မိုးမိုး (ဗိသုကာ)