6000.00 MMK
Author:
ဒေါက်တာသန်းထွန်း
ID: #949
Pages: 140
- "အသက်အရ ပြောရရင်တော့ နေဝင်ချိန်ပေါ့။ ဒါပေမဲ့ သုတေသနမှာတော့ ရှင်သန်လျက်ပါ။ ခုထိ တက်ကြွနေသေးတယ်" လို့ ဆိုခဲ့သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ လက်ရာ၊ သုတေသနသမားတွေ လက်ကိုင်ပြုရမယ့် စာအုပ် ဖြစ်ပါတယ်။ "သုတေသနအကြောင်းစာအုပ်တွေကို ဖတ်တယ်။ သုတေသနလုပ်ဆဲ ပုဂ္ဂိုလ်တွေ ပြောတာကိုလည်း နားထောင်မှတ်သားတယ်။ လက်တွေ့လည်း ၁၉၅၂ ခု စပြီး ဆက်တိုက် အများကြီးလုပ်တယ်။ အဲဒါတွေလုပ်ပြီးမှ မြန်မာ့သမိုင်းကို သုတေသနလုပ်တဲ့လူတွေ သုံးနိုင်အောင်ဆိုပြီး အခုစာအုပ်ကို ၁၉၇၉ က ရေးတယ်။ ထုံးနည်းကို လိုက်နာရင် သုတေသန လွယ်လွယ်နဲ့ အောင်မြင်မယ်။ မလိုက်နာရင် သုံးမရတဲ့ စာအုပ်သစ်တအုပ် ရေးမိသွားမယ်။ ၉ စက်တင်ဘာ ၁၉၉၉ မှာ ဒီစာအုပ်ကို ခေတ်မီအောင် ဖြည့်စွက်ပြင်ဆင်တယ်" (ဒေါက်တာသန်းထွန်း)