Cart

လူကျော်

10000.00 MMK

Author: ဒေါက်တာသန်းထွန်း
ID: #972 Pages: 286

- ဤကမ္ဘာပေါ်တွင် အလွန်သန်စွမ်းသူတစ်ဦး ပေါ်နေပါပြီ။ လွယ်ကူစွာပင် မီးရထားတွဲတစ်တွဲကို ချီမနိုင်သည့်လက်များ သူ့မှာရှိသည်။ - တစ်နေ့တည်း မိုင်အထောင်အသောင်း ပေါက်အောင် သွားနိုင်သည့်ခြေများ သူ့မှာရှိ၏။ ငှက်များပျံတက်နိုင်သည့်တောင်ပံများလည်း သူ့မှာရှိ၏။ ငါးအမျိုးမျိုးထက်သာအောင် ကူးခပ်နိုင်ရန် သူ့မှာ ဆူးတောင်များရှိပါသေးသည်။ - ရှေးအခါက ကြည့်မရနိုင်ဆိုသည့်အရာကို မြင်နိုင်အောင်ကောင်းသည့်မျက်လုံးများ ကမ္ဘာတစ်ခြမ်းကွာလှမ်းသည့်နေရာကပြောသံကို ကြားနိုင်သောနားများ သူ့မှာရှိပါသည်။ - များစွာသန်စွမ်းသောသူဖြစ်သဖြင့် တောင်ကိုဖောက်၍သွားခြင်းသွန်း၍ ဆင်းသောရေတံခွန်ကို ခါးမှဖြတ်ကာ တားဆီးခြင်းပြုနိုင်သည်။ ကမ္ဘာ့အနေအထားကို သူကြိုက်သလိုပြင်ဆင်၍ ယူသည်။ - သစ်တောကြီးများစိုက်ပျိုးလျက် ပင်လယ်များကိုဆက်ပေးကာ သဲကန္တာရကိုရေလောင်းခြင်းပြုသည်။ ထိုသန်စွမ်းသူကား မည်သူနည်း။ လူ . . . မည်သို့သောနည်းဖြင့် လူသည် ယခုလို သန်စွမ်းလာပါသနည်း။ ယခုစာအုပ်မှာ အဖြေပါသည်။ (နှစ်ကာလများ)

အဆင့်နှင့်မှတ်ချက်များ

User reviews