8000.00 MMK
Author:
ကောင်းမြတ်ခေတ်
ID: #1391
Pages: 143
- လူတစ်ယောက်ဟာ အရွယ်ရောက်လာတာနဲ့ ကိုယ့်တစ်ယောက်စာတာဝန်ကို ယူတတ်ရပါမယ်။ ကိုယ့်ဘဝရှေ့ရေး ကိုယ်တိုင်မျှော်ကိုးပြီး ကြိုးစားရပါလိမ့်မယ်။ - ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်ကြရပါလိမ့်မယ်။ ဘယ်သူ့အထောက်အပံ့ကိုမှ မမျှော်ကိုးဘဲ ဘဝကို အမှီအခိုကင်းကင်း ရပ်တည်နိုင်ရပါမယ်။ - ဘယ်သူ့အတွက်မှ တာဝန်မကျေရင် နေပါစေဦး၊ ကိုယ့်တစ်ယောက်စာတာဝန်ကို ကိုယ်တိုင် ကျေပွန်အောင် ယူတတ်ရင်ပဲ အဖိုးတန်တဲ့လူတစ်ယောက် ဖြစ်နေပါပြီ။ - "ဘဝကို ကိုယ့်အားကိုယ်ကိုး ဖြတ်သန်းနေကြတဲ့၊ အမှီအခိုကင်းတဲ့ ဘဝကို တည်ဆောက်နေကြတဲ့ လူငယ်ထုအတွက် တစ်ထောင့်တစ်နေရာကနေ အားအင်ဖြစ်မြောက်သွားစေမယ်လို့ မျှော်လင့် ပါတယ်။ ဒီစာအုပ်က ကြီးပွားချမ်းသာနည်း၊ အောင်မြင် နည်းစာအုပ် မဟုတ်ပါဘူး။ အမှီအခိုကင်းတဲ့ဘဝ ကို တည်ဆောက်ရာမှာ လိုအပ်တဲ့ အချက်တွေကို စာတွေ့၊ လက်တွေ့ သိရတဲ့အရာတွေကို ကိုယ့်မှာ ရှိ သလောက် ပြန်လည်မျှဝေခြင်းမျှသာပါ" လို့ စာရေးသူက ဆိုထားပါတယ်။