7000.00 MMK
Author:
လွိုက်
ID: #1403
Pages: 126
“လူဆိုတာ ကိုယ့်တာဝန်ကို ကိုယ်ကျေသင့်ပါတယ်။ ဒါမှလည်း လူပီသတဲ့ လူ့အဖိုးတန်ဖြစ်နေမှာပါ။ ကိုယ့်တာဝန်ကို မကျေတဲ့သူဟာ တစ်ပါးသူအတွက် ဝန်ထုပ် ဝန်ပိုးတစ်ခုလို ဖြစ်နေတတ်ပါတယ်” - ကိုယ့်ဘဝကို ဘယ်သူတွေက ဘယ်လိုပဲ နှောင့်ယှက် ဖျက်ဆီးနေပါစေ၊ ကိုယ်ကတော့ ကိုယ်သွား မယ့် လမ်းကြောင်းကိုပဲ အာရုံစိုက်ပါ။ ကိုယ့်ရဲ့ ပန်းတိုင်ကိုသာ မပြတ်စောင့်ကြည့်သင့်တယ်။ - တချို့အရာတွေက ကျွန်တော်တို့ဘဝရဲ့ ခလုတ်တံသင်းလေးတွေပါ။ အဲဒီအရာလေးတွေကို သတိတော့ ထားစေချင်တယ်။ - ခလုတ်သေးသေးလေးဆိုပြီး သတိမထားမိတဲ့အခါ ဝမ်းလျားမှောက် လဲကျသွားတာကို လူတိုင်း ကြုံဖူးကြတယ် မဟုတ်လား။ အဲဒါကြောင့် သေချာ သတိထားပါ။ ကိုယ့်တက်လမ်းကို သွေဖည်မှုမရှိအောင် သတိနဲ့ ဆင်ခြင်ပါ။