Cart

လူမှုဘာသာဗေဒ မိတ်ဆက်

8000.00 MMK

Author: ဒေါက်တာအောင်မြင့်ဦး
ID: #1402 Pages: 188

"ဒေါက်တာအောင်မြင့်ဦးသည် မိမိကျမ်းတွင် ဘာသာရပ် နယ်ပယ်အားလုံးကိုခြုံငုံမိအောင် အားထုတ်ထားကြောင်းတွေ့ရပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ လူမှုဘာသာဗေဒသဘောတရား နှင့် နည်းနာနိဿယများကို ရှင်းလင်းဖွင့်ဆိုပြီး သာဓကဆောင်ရာတွင် မြန်မာဘာသာစကားကို လူမှုဘာသာဗေဒအနေဖြင့် ရှုမြင်ချက်များ ထည့်သွင်းထားခြင်းပင် ဖြစ်သည်။ လေ့လာသူများ အနေဖြင့်မိမိ၏ ဘာသာစကားကို လူမှုဘာသာဗေဒအမြင်ဖြင့် လက်တွေ့ သုတေသန ပြုနိုင်စေရန် လမ်းပြပေးရာရောက်သည့် လေ့လာမှုဖြစ်သည့်အတွက် များစွာအကျိုးရှိပါသည်။ တစ်ခုဆိုစရာရှိသည်မှာ ပညာရပ်ဝေါဟာရများကို မြန်မာမှုပြုရာတွင် အသားမကျသေးခြင်း ဖြစ်သည်။ ဝေါဟာရအများစုကို စတင်တီထွင်အသုံးပြုသည့်အလုပ်ကို လုပ်ရသူတိုင်း ဤပြဿနာမျိုးကြုံတွေ့ မည်ပင် ဖြစ်သည်။ လူမှုဘာသာဗေဒကို ဆက်လက်၍ သင်ရင်းကြားရင်း သုတေသနပြုရင်း ဝေါဟာရများအသားကျအနည်ထိုင်သွားကာ လေ့လာ သူများနှင့် မစိမ်းတော့သည့် အခြေအနေသို့ ရောက်လာလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်" _မောင်ခင်မင် (ဓနုဖြူ) "လူမှုဘာသာဗေဒမိတ်ဆက်စာအုပ်သည် ကျွန်တော်၏ ပညာခရီးတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် အငြိမ်းစား အင်္ဂလိပ်စာပါမောက္ခ ဆရာကြီးဦးသီဟထံမှ ‘လူမှုဘာသာဗေဒ’ ပညာရပ်ကို စတင်သင်ယူခွင့် ရရှိခဲ့ချိန်မှစ၍ ဤပညာရပ်နှင့်ကျွန်တော်သည် ရေစက်အကြောင်းကံ ပါလာသည့်အလား ဤဘာသာရပ်အပေါ် အာရုံဝင်စားကာ စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ပါသည်။ ထိုအကြောင်းကံကြောင့်ပင် ၂၀၀၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ ပေါ့စ်ဒမ်တက္ကသိုလ် ဘာသာဗေဒ ပါမောက္ခ ဆရာမကြီး ဒေါက်တာထရစ်စထရမ်ထံ၌ လူမှုဘာသာဗေဒကို သင်ယူခွင့် ရရှိခဲ့ပါသည်။ ပညာသင်မှ ပြန်လာပြီးနောက် လေ့လာဆည်းပူးထားသမျှကို စာအုပ်အဖြစ်ပြုစုကာ ၂၀၀၃ ခုနှစ်တွင် ဤ ‘လူမှုဘာသာဗေဒမိတ်ဆက်’ စာအုပ်ကို ထုတ်ဝေခဲ့ပါသည်" _စာရေးသူ

အဆင့်နှင့်မှတ်ချက်များ

User reviews