10000.00 MMK
Author:
ရွှေဥဒေါင်း
ID: #1421
Pages: 192
- ဆင်မုဆိုးကြီးအယ်လင်၊ အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး 'ဟင်'၊ ရင်နယ်မြို့စားကလေး နဲ့ မြို့စားကလေးကတော်… ဘုရားငယ်တိုင်းပြည်က စွမ်းအားရှင်တွေလိုထင်ရတဲ့ ဟရုနဲ့ မရုတို့ညီအစ်ကိုတို့ကြားက ဆက်နွှယ်မှုရေစက်တွေ။ - ရင်နယ်မြို့စားကလေးရဲ့ကတော်ဟာ မုန်ယိုနေတဲ့ဆင်ကြီးကြောင့် ရင်သွေးငယ်ကိုဆုံးရှုံးခဲ့ရတယ်။ ရင်သွေးလေးသေဆုံးသွားလို့ စိတ်မကျန်းမမာဖြစ်သွားခဲ့တယ်။ အချိန်အတန်ကြာတဲ့အခါ စိတ်အပြောင်းအလဲဖြစ်အောင် ရင်နယ်မြို့စားကလေးတို့ မိသားစုနဲ့ အီဂျစ်ပြည်ကိုခရီးထွက်ကြတယ်။ - တစ်နေ့ နိုင်းမြစ်ထဲကသသင်္ဘောပေါ်မှာပဲ မြို့စားလေးကတော် ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ - ဆင်မုဆိုးကြီးအယ်လင်၊ အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး 'ဟင်' ၊ ရင်နယ်မြို့စားကလေးနဲ့ သူ့တပည့်ကျော်ဆာဖိတ်တို့ရဲ့ မြို့စားကတော်ကိုရှာပုံတော်ဖွင့်ကြတဲ့ သည်းတထိတ်ထိတ် တောတွင်းစွန့်စားခန်းကြီး။ - လိုရာခရီးရောက်ဖို့ဖြတ်သန်းခဲ့ရတဲ့ သဲကန္တာရတွေ၊ မြစ်တွေ၊ တောတောင်တွေ၊ နှစ်ဖက်ရန်သူတွေကြားထဲညှပ်ရတဲ့ ဘေးကျပ်နံကျပ်အဖြစ်တွေ ဂူအောင်းမြွေဆိုးကြီးကိုရင်ဆိုင်ရပုံတွေ၊ ကင်ဒါ (ခ) အသားစားလူနက်မျိုးတွေနဲ့ သူတို့ကိုးကွယ်ကြတဲ့ ဂျနဆင်ဆိုးကြီးကို ရင်ဆိုင်တိုက်ခိုက်ရပုံတွေနဲ့ ကင်ဒါလူဖြူမျိုးတွေနဲ့သူတို့ကိုးကွယ်တဲ့ ကလေးသူငယ်ဘုရားငယ်ဆီအရောက်သွားခဲ့ကြတဲ့ ခရီးရှည်ကြီးအကြောင်း ရင်သပ်မောရှုမောစွာဖတ်ရှုရမည့်ဆင်စွယ်မင်းသမီး . . . ။ _လမ်းပြကြယ်