Cart

မြန်မာပိုစ့်မော်ဒန်ကဗျာအချို့လေ့လာချက်

9000.00 MMK

Author: မင်းဇင်ညို (မြန်မာစာ)
ID: #1429 Pages: 162

- မြန်မာကဗျာလောကတွင် ၁၉၇၄ ခန့်၌ မြန်မာမော်ဒန်ကဗျာ စတင်ပေါ်ပေါက်လာကြောင်း၊ မြန်မာပို့စ်မော်ဒန်ကဗျာသည် ၁၉၉၀ ကျော် ကာလတွင် စတင်လာပြီး ၂၀၀၀ ပြည့်နှစ်ခန့်တွင် အားကောင်းစွာ ပေါ်ထွန်း လာကြောင်း ပညာရှင်များနှင့် မျက်မှောက်ခေတ်ပြိုင်ကဗျာဆရာများက ဆိုကြပါသည်။ - ထို့ကြောင့် မြန်မာမော်ဒန်ကဗျာသည် ယခုအခါ သက်တမ်း အားဖြင့် နှစ်ပေါင်း ၅၀ ကျော်၊ မြန်မာပို့စ်မော်ဒန်ကဗျာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ကျော်ရှိပြီဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ မြန်မာကဗျာကဏ္ဍတွင် နေရာတစ်ခုရရှိပြီးဖြစ်သည့် မြန်မာပို့စ်မော်ဒန်ကဗျာများကို စိစစ်လေ့လာခြင်းဖြင့် မြန်မာစာပေအတွက် အကျိုးရှိလိမ့်မည်ဟု ယူဆသောကြောင့် ဤကျမ်းကိုပြုစုရန် ဆုံးဖြတ်ခဲ့ပါသည်။ - ဤကျမ်းတွင် မော်ဒန်စာပေ၊ ပို့စ်မော်ဒန်စာပေတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ သွင်ပြင်လက္ခဏာများနှင့် အသုံးပြုသောနည်းဗေဒ/နည်းနာများကို ပြည့်စုံစွာဖော်ထုတ်လေ့လာတင်ပြ ထားပါသည်။ - နိုင်ငံတကာ စာပေဝါဒဖြစ်သည့် ပို့စ်မော်ဒန်ကဗျာတွင် အသုံးပြုသော နိုင်ငံတကာဆိုင်ရာ ကဗျာနည်းဗေဒ/နည်းနာတို့ကို စနစ်တကျလေ့လာပြီးနောက် ၎င်းနည်းဗေဒ/ နည်းနာတို့ဖြင့် မြန်မာပို့စ်မော်ဒန်ကဗျာဆရာ ၅ ဦး၏ မြန်မာပို့စ် မော်ဒန်ကဗျာ ၁၀ ပုဒ်ကို သရုပ်ဖော် ဆန်းစစ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ ပြုလုပ်ကာ လေ့လာတင်ပြမည်ဖြစ်ပါသည်။ - မော်ဒန်ကဗျာနှင့် ပို့စ်မော်ဒန်ကဗျာတို့၏ ကွဲပြားမှုကိုလည်း ဖော်ထုတ်ပြီးနောက် ကွဲပြားမှုကို ပိုမို ထင်ရှားလာစေရန်အတွက် မြန်မာမော်ဒန်ကဗျာအချို့နှင့် အလေ့လာခံ မြန်မာပို့စ်မော်ဒန်ကဗျာအချို့ကို နှိုင်းယှဉ်တင်ပြမည် ဖြစ်ပါသည်။ မိခင် မြန်မာစာဌာနအတွက် မော်ဒန်စာပေနှင့် ပို့စ်မော်ဒန်စာပေ လေ့လာမှုတွင် သီအိုရီပိုင်းနှင့် အတတ်ပညာပိုင်းကို ပြည့်စုံစွာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်၍ ဤကျမ်းကို ပြုစုရခြင်းဖြစ်ပါသည်။ _ဗဂျီအိမ်

အဆင့်နှင့်မှတ်ချက်များ

User reviews