Cart

ပင်ကိုစိတ်

10000.00 MMK

Author: ဒေါက်တာဦးသောင်းကြည်
ID: #1382 Pages: 140

"မိမိက ဘယ်လိုလူမျိုးလဲ၊ အခြားသူတွေက‌ကော ဘယ်လိုလူမျိုးတွေလဲ ဆိုတာမျိုးတွေနဲ့ လူတွေက ဘယ်လိုစဉ်းစားလဲ၊ ဘယ်လိုခံစားလဲ၊ ဘယ်လိုပြုမူသလဲ၊ ဒါတွေကို သိလာနိုင်ပါတယ်။ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဒီစာအုပ်ထဲကနေ သိလာနိုင်ပါတယ်။ ပင်ကိုစိတ် (PERSONALITY) ဆိုတဲ့ ခေါင်းစဉ်အတိုင်း လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို စိတ်ကျန်းမာရေး ရှုထောင့်ကနေ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ ဖော်ပြသွားမလဲဆိုတာကို စာအုပ်လေးထဲမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်" - ကိုယ်ရည်ကိုယ်သွေးဆိုတာ ပင်ကိုစိတ်ကိုပြောတာ။ ပြင်လို့မရဘူး။ ပြင်လို့ရရင် အလေ့အထလို့ ခေါ်ပါတယ်။ ဥပမာ - အတင်းပြောတတ်တဲ့ လူတစ်ယောက်က သေသည်အထိ အတင်းပြောမှာပဲ။ အတင်းပြောခြင်းဟာ ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ဖြတ်လို့ရတယ်။ ဒါကို အလေ့အထလို့ခေါ်တယ်။ တစ်နည်းပြောရရင် ပြောင်းလဲသွားရင် အလေ့အထလို့ခေါ်ပြီး မပြောင်းလဲရင် ကိုယ်ရည်ကိုယ်သွေးလို့ ခေါ်ပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်က ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးပါတယ်။ - ကိုယ်ရည်ကိုယ်သွေးရဲ့ စတင်ဖြစ်ပေါ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ မြောက်မြားစွာရှိခဲ့ပါတယ်။ ပင်ကိုသဘာ၀ (Nature) နဲ့ ပြုစုပျိုးထောင်ခြင်း (Nurture) တို့တစ်ခုစီက အရေးပါတယ်လို့ ငြင်းခုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တချို့ပညာရှင်တွေက မွေးဖွားပြီးရင် ကြီးပြင်းလာမှာပဲ ဒါဟာ ပင်ကိုသဘာ၀ပါပဲ။ တချို့ပညာရှင်တွေက ပြုစုပျိုးထောင်ခြင်းက ပိုအရေးကြီးတယ်၊ ပြုစုပျိုးထောင်မှုမရှိရင် အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ဆိုတယ်။ နောက်ပိုင်းကျတော့ ပင်ကိုသဘာ၀ရော ပြုစုပျိုးထောင်ခြင်းရော နှစ်မျိုးစလုံးရဲ့ အပြန်အလှန်တုံ့လှယ်မှုက အရေးကြီးတယ်လို့ ပညာရှင်တွေ လက်ခံလာကြပါတယ်။ - ဒီစာအုပ်ဟာ ငါဘယ်သူလဲ၊ သင်ကော ဘယ်သူလဲ၊ငါ ဘယ်လိုလူစားလဲ၊ သင်ကော ဘယ်လိုလူစားလဲ ဒါတွေကိုသိဖို့၊ မိမိတို့ရဲ့သားသမီးတွေကိုကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်အောင် မွေးယူပျိုးထောင်ပေးဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews