5000.00 MMK
Author:
မောင်ခင်မင် (ဓနုဖြူ)
ID: #1266
Pages: 105
- ရုံးစာတွေကို ဖြစ်ကတတ်ဆန်း ရေးလို့မရပါဘူး။ စနစ်တကျ၊ ပုံစံတကျ ရေးတတ်ရပါမယ်။ - ရုံးစာတွေရေးသားကြတဲ့အခါ လမ်းကြောင်းသုံးသွယ်ပဲ ရှိတယ်လို့ ထင်ပါတယ်။ (၁) အောက်ကနေ အထက်ကို တင်ပြတဲ့ တင်ပြမှုမျိုး (၂) အထက်ကနေ အောက်ကို လမ်းညွှန်ချက်၊ ညွှန်ကြားချက်၊ အသိပေးချက် စတဲ့ ဆက်သွယ်မှုမျိုး (၃) အချင်းချင်း ရုံးတွင်းမှာပဲဖြစ်ဖြစ်၊ တခြားရုံးနဲ့ပဲဖြစ်ဖြစ် ဘေးတိုက်ဆက်ဆံတာမျိုး ဒီလိုရေးသားဆက်သွယ်မှုတွေမှာ သတ်မှတ်ထားတဲ့ ရုံးစာပုံစံတွေနဲ့အညီ စနစ်တကျရေးသားတတ်ဖို့လိုပါတယ်။ - ဒီစာအုပ်က မြန်မာစာကို မှန်မှန်ကန်ကန်၊ ရှင်းရှင်းလင်းလင်း၊ ကျစ်ကျစ်လျစ်လျစ်၊ ပြေပြေပြစ်ပြစ်၊ လိုက်ဖက်ညီညီ ရေးသားတတ်စေဖို့နဲ့ ရုံးစာကို စနစ်တကျ သေသေချာချာ ရေးသားတတ်စေဖို့ ဖြည့်ဆည်းပေးပါလိမ့်မယ်။