7000.00 MMK
Author:
မောင်ခင်မင် (ဓနုဖြူ)
ID: #797
Pages:
"ကျွန်တော်သည် တက္ကသိုလ်မြန်မာစာဆရာအဖြစ် အသက်မွေးခဲ့သူ ဖြစ်သည့်အလျောက် ကျွန်တော် အမြဲ ထိတွေ့နေရသော မြန်မာဘာသာစကား အကြောင်းနှင့် မြန်မာစာပေအကြောင်းတို့သည် ကျွန်တော့်အတွက် စာရေးစရာ အကြောင်းအရာများ ဖြစ်လာရပါသည်။ ထို့ပြင် ကျွန်တော်၏ဘဝတစ်လျှောက် ကြုံရတွေ့ရသော အတွေ့အကြုံများကို ရေးရန် စိတ်ကူးပေါ်လာသည့်အတွက် ကိုယ်တွေ့အကြောင်းများကိုလည်း စာရေးဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်သောအခါ ရေးခဲ့သော စာအုပ်များနှင့် ပတ်သက်၍ နောက်ခံအကြောင်းများ အနည်းနှင့်အများ ရှိခဲ့သည်ကို သတိရလာပါသည်။ သာမန်အကြောင်းများမှသည် ဘဝနှင့် ဆက်စပ်နေသော အကြောင်းများအထိ အမျိုးမျိုး ရှိပါသည်။ စာအုပ်များ၏ နောက်ကွယ်က အကြောင်းများသည် စိတ်ဝင်စားစရာ၊ အမှတ်တရ ဖြစ်စရာ၊ သင်ခန်းစာယူစရာ စသည်ဖြင့် အသွင်အမျိုးမျိုး ဆောင်နေပါသည်"