Cart

ဦးဖေမောင်တင်၊ မြန်မာစာနှင့် အမွေခံပုဂ္ဂိုလ်များအကြောင်း

10000.00 MMK

Author: မောင်ခင်မင် (ဓနုဖြူ)
ID: #861 Pages: 216

- ရန်ကုန်တက္ကသိုလ်မှာ ကျွန်တော် မြန်မာစာမိသားစုဝင်တစ်ယောက်ဖြစ်ပြီးနောက် ကျွန်တော့်ကိုသင်ကြားပို့ချ လမ်းညွှန်ပေးသော ဆရာကြီး၊ ဆရာမကြီးများနှင့် ကျွန်တော့်ထက်လုပ်သက်ဝါရင့်သော လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများအကြောင်း အလျဥ်းသင့်သလို ကျွန်တော်ရေးခဲ့ဖူးသည်။ အများစုမှာ ကွယ်လွန်သွားကြပါပြီ။ - ထိုစာများကို စုစည်းပြီး စာအုပ်အဖြစ်ပုံဖော် ခြင်းဖြင့် အမိရန်ကုန်တက္ကသိုလ်၏ ရာပြည့်ပွဲကို အထိမ်းအမှတ်ပြုရာလည်းရောက်မည်။ ကျွန်တော် ဆရာကြီး၊ ဆရာမကြီးများနှင့် အစ်ကိုတော်၊ အစ်မတော် လုပ်ဖော်ကိုင်ဖက်များနှင့် ကြုံခဲ့ဆုံခဲ့ရသော အတွေ့အကြုံများကို သတိတရ ပြန်လည်ဖော်ထုတ်ရာလည်းရောက်မည်ဟူသောအတွေးဖြင့် ဤစာအုပ်ကို ပုံဖော်လိုက်ခြင်းဖြစ်ပါသည်။ (စာရေးသူ၏အမှာမှ -) - ဦးဖေမောင်တင်၊ ဦးဧမောင်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးမောင်မောင်ကြီး (တက္ကသိုလ်မောင်မောင်ကြီး)၊ ဦးတင်ဧ (တင်ဧ - ရှမ်းပြည်)၊ ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)၊ ဒေါ်သန်းဆွေ၊ ဒေါ်စီစီဝင်း၊ ဦးဘိုသင်း၊ ဦးရွှေသွင်၊ ဒေါ်ပို၊ ဦးသိန်းဟန် (ဇော်ဂျီ)၊ - ဦးကျော်ရင် (ကထိကဦးကျော်ရင်)၊ ဦးလှရွှေ၊ ဒေါ်ခင်စော၊ ဒေါ်မြင့်သန်း (ကထိကဒေါ်မြင့်သန်း)၊ ပါဠိပါရဂူဦးအောင်မိုး၊ ဦးတင်မောင်ဌေး၊ ဦးဖိုးကျော်မြင့် (မြန်စာဂုဏ်ကျော်မြင့်)၊ ဦးမြိုင်သန့်၊ ဦးစံတင်၊ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်၊ အောင်ခန့်)၊ - ဦးတိမ်ကြည်၊ ဦးဇော်မြင့်သက် (ဇော်ဇော်အောင်)၊ ဦးအောင်သင်း (အောင်သင်း)၊ ဦးထွန်းမြင့် (တက္ကသိုလ်မင်းမော်)၊ ဦးချစ်ဖေ၊ ဦးထွန်းတင့်၊ ဦးစိုးမြင့်၊ ဦးစောထွန်း (စောလူ) တို့နှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာမိသားစုအတွင်း ဆုံစည်းမှုများ . . .

အဆင့်နှင့်မှတ်ချက်များ

User reviews