Cart

ဖောက်သည်ဝန်ဆောင်မှုဖြင့် ယှဉ်ပြိုင်ပါ

16500.00 MMK

Author: အောင်စည်လင်း
ID: #1447 Pages: 190

“ဖောက်သည်ဝန်ဆောင်မှု (Customer Service) ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အသက်သွေးကြောပါပဲ။ ဖောက်သည်တွေမရှိရင် လုပ်ငန်းက ရပ်တည်နိုင်မှာမဟုတ်ပါဘူး” - ယနေ့လို ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ စီးပွားရေးခေတ်ကြီးမှာ ကုန်ပစ္စည်းကောင်းရုံနဲ့ မလုံလောက်တော့ပါဘူး။ ဖောက်သည်တိုင်းအတွက် မမေ့နိုင်စရာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွေ့အကြုံတွေကို ဖန်တီးပေးနိုင်မှသာ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ - ဖောက်သည်ဝန်ဆောင်မှုဆိုတာ ရိုးရိုးရှင်းရှင်း ပြဿနာဖြေရှင်းပေးတာမျိုး မဟုတ်ပါဘူး။ ဒါဟာ လူမှုဆက်ဆံရေး အတတ်ပညာ (Art of Relationship Building) တစ်ခုပါ။ ဖောက်သည်တစ်ဦးချင်းစီရဲ့ စိတ်ခံစားမှုတွေကို နားလည်ပြီး သူတို့ကို တန်ဖိုးထားကြောင်း ပြသနိုင်မှသာ သူတို့ရဲ့ စိတ်နှလုံးကို ရယူနိုင်မှာဖြစ်ပါတယ်။ - ဒီစာအုပ်မှာ ကမ္ဘာတစ်ဝန်းက နာမည်ကြီးကုမ္ပဏီကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေရဲ့ဝန်ဆောင်မှုပေးပုံတွေ၊ သူတို့ရဲ့အတွေးအခေါ်တွေ၊ ဝန်ထမ်းတွေကို ဘယ်လိုလေ့ကျင့်ပေးခဲ့လဲဆိုတာတွေကို Case Study တွေအဖြစ် ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဖောက်သည်ဝန်ဆောင်မှု ပေးပုံတွေကိုလည်း အသေးစိတ် ဖော်ပြပေးထားပါတယ်။ - ဖောက်သည်ဝန်ဆောင်မှုအနှစ်သာရ၊ ဖောက်သည်စိတ်ပညာမှသည် ဖောက်သည်တွေကို ဘယ်လိုပျော်အောင်လုပ်မလဲ၊ မကျေနပ်တဲ့ဖောက်သည်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲအထိ လက်တွေ့ကျတဲ့သင်ခန်းစာတွေကို ရေးသားထားတဲ့ ဒီစာအုပ်က သင့်လုပ်ငန်း၊ သင့်ဆိုင်၊ သင့်အဖွဲ့အစည်းရဲ့ အရောင်းနဲ့ ဝန်ဆောင်မှုအရည်အသွေးကို ထိထိရောက်ရောက် မြှင်တင်ပေးနိုင်ပါလိမ့်မယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews