16000.00 MMK
Author:
သက်ထွန်းဦး
ID: #1449
Pages: 156
“ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုချဲ့ချင်လို့ပဲဖြစ်ဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီးဘယ်လိုရှာဖွေလို့ရနိုင်မလဲဆိုတာကို သိရှိနားလည်ဖို့အအရေးကြီးပါတယ်။ ရင်းနှီးငွေပိုရလာခြင်းဟာ သင့်လုပ်ငန်းကို ပိုမိုကြီးထွား မြန်ဆန်လာစေနိုင်ပါတယ်။ ဝန်ထမ်းတွေကို ပိုမို ငှားရမ်းနိုင်ပြီး လုပ်ငန်းနေရာသစ်တွေမှာ ထုတ်ကုန်အသစ်တွေကို လျင်မြန်စွာတိုးချဲ့နိုင်ပါတယ်။ ဒါက တခြားသူ တွေထက် ပိုမိုသာလွန်စေတဲ့အချက် ဖြစ်ပါတယ်” - သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေတယ်၊ တချို့လုပ်ငန်းတွေ ကျရှုံးနေချိန်မှာ တချို့က ဘာကြောင့် အောင်မြင်နေတယ်ဆိုတာတွေကို တွေးဖူးပါသလား။ ဒါတွေအားလုံးက အရင်းအနှီးကြောင့်ပါပဲ။ ငွေအရင်းအနှီး မလုံလောက်မှုကြောင့် လုပ်ငန်းအများအပြားဟာ ကျဆုံးခဲ့ရပါတယ်။ ဒါကြောင့် ရင်းနှီးငွေ မြှင့်တင်ခြင်းဟာ လုပ်ငန်းချဲ့ထွင်လိုသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ - ကုမ္ပဏီတစ်ခုဟာ ကြီးပွားတိုးတက်ဖို့၊ ဒါမှမဟုတ် ပြုပြင်မွမ်းမံဖို့ လိုအပ်လာပြီဆိုရင် ပြင်ပက ရင်းနှီးငွေ အရင်းအမြစ်တွေ စုဆောင်းခြင်းလုပ်ငန်းစဉ်ကို မဖြစ်မနေ စတင်ရမှာဖြစ်ပါတယ်။ ဒါကို ရင်းနှီးငွေမြှင့်တင်ခြင်း (Capital Raising) လို့ခေါ်ပါတယ်။ အတိုချုပ်အားဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ သက်တမ်းရှည်ကြာစေဖို့၊ ရေရှည်တည်တံ့စေဖို့အတွက် ရင်းနှီးငွေမြှင့်တင်ခြင်းကို ဆောင်ရွက်ကြပါတယ်။ - ကုမ္ပဏီတွေဟာ မတူညီတဲ့ ဘဏ္ဍာငွေလိုအပ်ချက်တွေကြောင့် သူတို့ ရင်းနှီးငွေမြှင့်တင်တဲ့ပုံစံကလည်း ကြီးမားတဲ့ခြားနားမှုတွေ ရှိမှာဖြစ်ပါတယ်။ အချို့က ကိုယ်ပိုင်ငွေကြေးနဲ့ စတင်ကြသလို အချို့ကလည်း ငွေသန်းပေါင်းများစွာကို ချေးငွေ၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုပုံစံနဲ့ ရယူကြပါတယ်။ အဖွဲ့အစည်းတစ်ခုစီရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေနဲ့ လုပ်ငန်းချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေကြောင့် မတူညီတဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေ ရှိ နေမှာဖြစ်ပါတယ်။ - ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ရှာဖွေရမယ်၊ ရင်းနှီးငွေရဲ့အရေးပါပုံ၊ ရှယ်ယာနဲ့ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ၊ လုပ်ငန်းမော်ဒယ် အမျိုးအစားတွေ၊ ယှဉ်ပြိုင်မှု အားသာချက်ရအောင်ဘယ် လိုဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ်ပြန်ရချက် စတာတွေ၊ စတော့အိတ်ချိန်းကို စာရင်းဝင်ခြင်းနဲ့ ထွက်ခွာမှု မဟာဗျူဟာ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။