22000.00 MMK
Author:
မောရိသျှ
ID: #1454
Pages: 431
- ဒီစာအုပ်က ရက်ပ်အဆိုကျော် စွန့်စားစီးပွားရေးသမား 50 Cent နဲ့ နာမည်ကျော်ကြား လူသိများတဲ့ The 48 Laws of Power (အာဏာစက် နည်းဥပဒေသ ၄၈ ရပ်) စာအုပ်ရဲ့ မူရင်း စာရေးသူကြီး ရောဘတ်ဂရင်း (Robert Greene) တို့ ပူးတွဲရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ - သမိုင်းဝင် ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ 50 Cent ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်သုံးသပ်ထားမှုတွေအပေါ် အခြေခံထားတဲ့ လက်တွေ့အသုံးကျ ဘဝလမ်းညွှန် မဟာဗျူဟာများဆိုင်ရာ စာအုပ်ဖြစ်ပါတယ်။ - “အကြောက်အရွံ့ကင်းခြင်း” ကို ကျောရိုးပြု တင်ပြထားပြီး၊ အခန်းပေါင်း ၁၀ ခန်းနဲ့ ဖွဲ့စည်း တင်ပြထားပါတယ်။ 50 Cent ရဲ့ ဘဝအတွေ့အကြုံ ဖြတ်သန်းမှုတွေဖြစ်တဲ့ ရပ်ကွက်လူမိုက်ဘဝမှသည် ဂီတလောကနဲ့ စီးပွားရေးလောကအတွင်း အောင်မြင်မှုတွေ၊ Abraham Lincoln၊ Sun Tzu၊ Napoleon Bonaparte၊ Malcolm X နဲ့ Miles Davis လိုမျိုး သမိုင်းဝင် အကျော်အမော်တွေရဲ့ သမိုင်းတင်ဖြစ်ရပ်တွေကို ဥပမာပြု သာဓကထား သုံးသပ်ပေးထားပါတယ်။ - “ဘဝဥပဒေ - ၅၀” ဟာ လမ်းဘေး အောက်ခြေဘဝကစပြီး ရုန်းကန်ရင်း သိမြင်တတ်မြောက်ခဲ့တဲ့ ဘဝပေးအသိ သင်ခန်းစာတွေနဲ့ မဟာဗျူဟာဆိုင်ရာ နိယာမတွေကို ပေါင်းစပ်ထားပြီး လူမှုရေး၊ စီးပွားရေး နိုင်ငံရေး စသဖြင့် နယ်ပယ်တိုင်းမှာ လက်တွေ့အသုံးချနိုင်အောင် အသုံးကျလမ်းညွှန်ချက်တွေကို သင်ခန်းစာ၊ နည်းလမ်း၊ သော့ချက်၊ သုံးသပ်ချက် ဆိုပြီး လေးပိုင်းခွဲကာ စနစ်တကျ စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။