Cart

အာဏာစက် (နည်းဥပဒေသ ၄၈ ရပ်)

14000.00 MMK

Author: မောရိသျှ
ID: #1462 Pages: 272

''ဆွန်ဇူးရဲ့ စစ်ပညာကျမ်းတောင်မှ နောက်ကျောမလုံ ဖြစ်ရလောက်စေတဲ့ စာအုပ်'' (နယူးယောက်တိုင်းမ်မဂ္ဂဇင်း) - မူရင်းစာအုပ် (THE CONCISE 48 LAWS OF POWER By Robert Greene) က နိုင်ငံတကာမှာ အုပ်ရေသန်းချီရောင်းချထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ - တွေ့ဖူးနေကျ မြင်ဖူးနေကျ သိဖူးပြီးသားတွေနဲ့ လုံး၀မတူဘဲ ပညာသားပါသလို ထိထိမိမိရှိလှပြီး မှတ်သားလောက်ဖွယ် အချက်အလက်ကျကျ လမ်းညွှန်ချက်တွေနဲ့ ပေါင်းစပ်ပြုစုထားတဲ့ စာအုပ်ဖြစ်သလို . . . - နှစ်သုံးထောင်စာ အတိတ်သမိုင်းထဲက လက်တွေ့ ဘ၀သင်ခန်းစာတွေကို အခြေခံထားပြီး ၄၈ ရပ်သော အာဏာစက်နည်းဥပဒေသတွေနဲ့ စနစ်တကျ ထုတ်နုတ်တင်ပြ ဆွေးနွေးထားပါတယ်။ - မာခီယာဗဲ့လီ၊ ဆွန်ဇူးနဲ့ ကားလ်ဗွန်ခလော့ဇွစ် စတဲ့ ခေတ်ဟောင်း ဂန္ထဝင်အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ အတွေးအခေါ်တွေကို ခေတ်ပြိုင်တွေးခေါ် ဆန်းသစ်မှုတွေနဲ့ ယှဉ်ပြီး အကျယ်တဝင့် ဆွေးနွေးပေးထားတဲ့ စာအုပ်လို့ ဆိုထားပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews