35000.00 MMK
Author:
မောင်ရှင်
ID: #1458
Pages: 558
- ဟန်မင်းဆက်နောက်ပိုင်း ဝိတ်၊ ရှူ၊ ဝူ သုံးပြည် ထောင် သမိုင်းကို အခြေပြုပြီး လင်ဧကရာဇ်ခေတ် AD 184 ခုနှစ် ခေါင်းစည်းဝါလူထုအုံကြွမှုမှ အစပြုပြီး နောက်ပိုင်း ကျင့်ဝူဘုရင် စီးမာယန်နန်းစံကာလ AD 280 ပြည့် ဝူပြည်ထောင် ပျက်သုဥ်းမှ ဇာတ်လမ်းကို အဆုံးသတ်ထားခဲ့တဲ့ သုံးပြည်ထောင်ဝတ္ထုပါ။ ရာစုတစ်ခုနီးပါး ရှည်ကြာခဲ့ပါတယ်။ - ဘုရင်မင်းမြတ်၊ နန်းတွင်းအထိန်းတော်'မိန်းမစိုး' များ၊ စစ်သူကြီး၊ သူရဲသူခက်၊ ပညာရှိ၊ စာဆို၊ တောင်သူလယ်သမား၊ ပြည်သူလူထုနဲ့ ပဒေသရာဇ်အုပ်ချုပ်သူတွေကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူစရာတွေပါ။ - အထူးသဖြင့် စစ်ပညာအတွက်ဆို ဆွန်စုရဲ့ အတွေးနဲ့ ကိုယ်ကျင့်တရား၊ ပညာရေး၊ အုပ်ချုပ်ရေး အပိုင်းတွေကတော့ ခရစ်တော်မပေါ်မီလောက်က ပေါ်ထွန်း ခဲ့တဲ့ တရုတ်သူတော်စင် ကွန်ဖြူးရှပ် (BC 551-478)ရဲ့ အတွေးကို သုံးပြည်ထောင်ဝတ္ထုမှာ တွေ့ရပါလိမ့်မယ်။ - “တကယ့်အသိပညာဆိုတာ ဘာလဲ၊ ကိုယ်သိတာကို သိတယ်လို့သိတာ၊ ကိုယ်မသိတာကို မသိဘူးလို့သိတာကို ခေါ်တာပဲလို့” ပြောခဲ့တဲ့ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်နဲ့ပဲ အမှာစာကိုအဆုံးသတ်ပါရစေ။ (ဆရာမျှားနီ၏ အမှာစာမှ . . .)