45000.00 MMK
Author:
မောင်ရှင်
ID: #1493
Pages: 558
ဆယ့်လေးရာစုနှောင်းပိုင်းမှ စတင်ထုတ်ဝေခဲ့သော စာရေးဆရာ လော်ကွမ့်ကျုံးရေးသားသည့် ““သုံးပြည်ထောင်””သည် တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည် လေးအုပ်ထဲမှ အကျော်ကြားဆုံး၊ လူသိအများဆုံး၊ ရာစုနှစ်ချီ လူကြိုက်များသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ယွမ်မင်းဆက်နှောင်းပိုင်းနှင့် မင်မင်းဆက်ဦးပိုင်းက စာရေးဆရာ လော်ကွမ့်ကျုံးသည် ချိန်ရှုပ် ( Chen Shou) ရေးသားပြုစုသော “သုံးပြည်ထောင် သမိုင်းမှတ်တမ်း”၊ ဖေဆုန်းကျီး(AZPei Songzhi) ရေးသားသည့် “သုံးပြည်ထောင်သမိုင်းမှတ်တမ်း ဋီကာဖွင့်ဆိုချက်များ”၊ ပါးစပ်ရာဇဝင်များ၊ ကျေးလက်ဒဏ္ဍာရီပုံပြင်များနှင့် ရိုးရာအဆိုအက . . . စသည်များကို စုစည်းကာ ဇာတ်အိမ်တည်၍ စာပေအနုပညာလက်ရာ အဖြစ် ဖန်တီးထားသော ဝတ္ထုရှည်တစ်အုပ်ဖြစ်ပေသည်။ သုံးပြည်ထောင်ခေတ်သည် တရုတ်သမိုင်းတွင် သွေးမြေအကျဆုံးသော ခေတ်ဖြစ်သလို၊ စစ်ဘုရင်များ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သည့်ခေတ်လည်း ဖြစ်ပေသည်။ ဧကရာဇ်ပင်လျှင် ““စစ်ပြေးဒုက္ခသည်ဘဝ”” ရောက်ရရှာ၏။ ဤဝတ္ထုသည် နှစ်တစ်ရာကာလတိုင် အသောမသတ်နိုင်သော စစ်မက်အကြောင်း ကို ဖော်ကျူးထားသည်။ အကယ်၍ ဆွန်းစု(J-Sun Zi)၏ စစ်ပညာကျမ်းကို သီအိုရီအဖြစ်မှတ်ယူပါက စစ်မက်ထူပြောသော သုံးပြည်ထောင်ခေတ်သည် ၄င်းသီအိုရီမှန်ကန်မှု ရှိမရှိကို လက်တွေ့စမ်းသပ် စစ်ဆေး ခြင်းပင် ဖြစ်သည်။ သုံးပြည်ထောင်ခေတ်က ဖြစ်ရပ်များသည် မျက်မှောက် ကာလ၌ ဖြစ်ပျက် နေသော နိုင်ငံအချို့၏ ပြည်တွင်းရေးနှင့် အတော်ပင် ဆင်တူနေကြောင်း တွေ့မြင်ရပါလိမ့်မည်။ ဝတ္ထုဇာတ်လမ်းမှာ ဟန့်မင်းဆက်နှောင်းပိုင်းနှင့် ဝိတ်( Wei)၊ ရှု ( Shū)၊ ဝူ( Wú) သုံးပြည်ထောင်သမိုင်းကို အခြေပြုထားပြီး လင်ဧကရာဇ် ခေတ်အေဒီ ၁၈၄ ခုနှစ်၊ ခေါင်းစည်းဝါလူထုအုံကြွမှုမှ အစပျိုး၍ တောက်လျှောက် ရေးသားလာခဲ့ရာ ကျင့်ဝူဘုရင်စီးမာယန်( F A WEE %)နန်းစံကာလအေဒီ ၂၈ဝ ပြည့်နှစ်၊ ဝူပြည်ထောင်ပျက်သုဉ်းမှ ဇာတ်လမ်းကို အဆုံးသတ်ထားခဲ့သည်။ ရာစုတစ်ခုနီးပါးရှည်လျားသည်။ ဝတ္ထုဇာတ်လမ်းနှင့် ပတ်သက်၍ မြန်မာပြည်သူ များသည် တရုတ်ပြည်မမှ ရိုက်ကူးသောရုပ်ရှင် သို့မဟုတ် တီဗွီဓာတ်လမ်းတွဲများနှင့် ရင်းနှီးပြီးသား ဖြစ်ပေလိမ့်မည်ဟု ယူဆ မိသဖြင့် ဘာသာပြန်သူအနေဖြင့် အထူးဋီကာချဲ့ရန် မလိုတော့ပါ။ ထင်ပေါ်ကျော်ကြား လူသိများသော ““သုံးပြည်ထောင်”” အကြောင်းနှင့် ပတ်သက်၍ အစောပိုင်းတွင် ဝတ္ထုမူကွဲဗားရှင်းပေါင်း နှစ်ဆယ် မကရှိခဲ့သည်။ ၁၅၄၈ ခု၊ ယဲ့ဖုန်ချွန်း(I+- Ye Fengchun)ရေးသားခဲ့သော တစ်အုပ်တည်း သာ ကျန်ရှိတော့သည့် ““သုံးပြည်ထောင်””ဝတ္ထု မူရင်း မိတ္တူကို ယခု စပိန် နိုင်ငံ Asgolia ဘုန်းတော်ကြီးကျောင်း စာကြည့်တိုက်၌ ပြသထားသည်။ ချင်းမင်းဆက်ဦးပိုင်းတွင် မော်လွန်(É Mao Lun)နှင့် မော်စုန်းကန်း (Mao Zonggang)သားအဖတို့က နာမည်အကျော်ကြားဆုံးသော လော်ကွမ့်ကျုံး၏““သုံးပြည်ထောင်””ဝတ္ထုအား ရွေးချယ်ကာ သမိုင်းကြောင်းနှင့် ပိုမိုခိုင်လုံစေရန်၊ ဇာတ်အိမ်ပို၍ ကျစ်လျစ်ခိုင်မာစေရန် ရာဇဝင်မှတ်တမ်းနှင့် မညီညွှတ်သောအခန်းများ၊ ယုတ္တိမတန်သောနေရာများနှင့် ရှေးကဗျာများကို ဖြုတ်သင့်သည်ကို ဖြုတ်၍၊ ပယ်သင့်သည်ကို ပယ်ကာ ပြန်လည်တည်းဖြတ်ပြင်ဆင် ဖြည့်စွက်ရေးသား ခဲ့ရာမှ ယနေ့တွေ့မြင်နေရသော အခန်း ၁၂ဝ ပါ ဝတ္ထု ရှည်ကြီးဖြစ်လာပါသည်။ ၄င်းတို့သားအဖနှစ်ယောက် ပြင်ဆင်ရေးသားခဲ့သည်မှာ နှစ်ပေါင်းသုံးရာခန့် ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း၊ နောက်ပိုင်းတွင် နှောင်းလူများက ဆက်လက်တည်းဖြတ်ခဲ့သော်လည်း ကြီးမားသောပြောင်းလဲမှု မရှိ ကြောင်း သိရပါသည်။ ဤဝတ္ထုသည် တရုတ်ပြည်တွင်း၌ ကာလကြာရှည်စွာ ရေးပန်းစားလာသောအခါ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများသို့ စတင်ပြန့်နှံ့ သွားခဲ့သည်။ အထူးသဖြင့် အရှေ့တောင်အာရှတစ်လွှားသို့ ကျယ်ပြန့်စွာ ပြန့်နှံ့သွားပြီးနောက် ယင်းနိုင်ငံများတွင် နေထိုင်ကြသောတရုတ်နွယ်ဖွားများ၏ လူမှုအဖွဲ့အစည်းပေါ် နက်ရှိုင်းစွာလွှမ်းမိုးခဲ့သည်။ သို့ဖြစ်ရာ ပင်လယ်ရပ်ခြား တိုင်းတပါးရောက် တရုတ်နွယ်ဖွားများက ယင်းဝတ္ထုကို စတင်ဘာသာပြန် ဆိုခဲ့ကြသည်။ (ဘာသာပြန်သူ၏အမှာစာမှ)