16500.00 MMK
Author:
Kaung Hein Soe (Strategic)
ID: #1474
Pages: 150
“ဘယ်တော့မှ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့၊ ဒုတိယဝင်ငွေလမ်းကြောင်း ဖန်တီးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ပါ” - လူအများစုဟာ စာသင်ကျောင်းတွေကနေ ဘွဲ့တစ်ခုရယူကြပြီးရင် နောက်ထပ်ပန်းတိုင်က အလုပ်ကောင်းကောင်းတစ်ခုရရှိလာဖို့ဖြစ်ပါတယ်။ အလုပ်ရလာပြီဆိုရင်တော့ ဒီအလုပ်မှာ ရာထူးတက်ဖို့၊ လစာတိုးဖို့ဟာ နောက်ထပ်ပန်းတိုင်တွေ ဖြစ်လာရပါတော့တယ်။ - ဒီလို အခြေအနေဟာ လုပ်ခလစာဆိုတဲ့ဝင်ငွေအမျိုးအစား တစ်ခုတည်းအပေါ် ရပ်တည်နေရတဲ့အဖြစ်ကို ရောက်ရှိစေတော့ တာပါပဲ။ ကိုယ့်ရဲ့ Professional ပညာရပ်ကို ထူးချွန်ကျွမ်းကျင်လာအောင် ကြိုးစားနေရင်း ငွေကြေးလမ်းကြောင်းတွေ ထပ်မံဖော်ဆောင်ဖို့ မေ့လျော့ကုန်ကြတာပါပဲ။ ဒါကို ဝါရင်းဘတ်ဖက်ကထောက်ပြထားပြီး ဝင်ငွေလမ်းကြောင်းတစ်ခုကနေ နှစ်ခုဖြစ်အောင် ဖန်တီးဖို့တိုက်တွန်းထားတာပါပဲ။ - တကယ်တော့ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် ရပ်တည်နေတယ်ဆိုတာ သိပ်ကိုအန္တရာယ်များလွန်းပါတယ်။ တစ်ခုတည်းရှိတဲ့ ဒီဝင်ငွေလမ်းကြောင်းဟာ ရုတ်တရက်ရပ်တန့်သွားတာနဲ့ ငွေကြေးအခက်အခဲ အကျပ်အတည်းကြီးကို ရင်ဆိုင်ရတော့မှာပါ။ ဥပမာ- စီးပွားရေး၊ နိုင်ငံရေး အခြေ အနေတွေ ကောင်းနေတုန်းမှာတော့ အလုပ်တစ်ခု၊ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းဟာ မိမိကို အသက် ရှင်ရပ်တည်နေနိုင်ဖို့ တတ်နိုင်ပေမဲ့ ကိုဗစ်ရောဂါလို ကပ်ရောဂါတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ စစ်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အခါ တစ်ခုတည်းသော ဝင်ငွေဟာ အလွယ်တကူပျောက်ပျက်သွားတတ်တာပါပဲ။ ဒါမှမဟုတ် မိမိမှာ အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေတစ်ခုခု၊ ကျန်းမာရေးချို့ယွင်းမှု တစ်ခုခုဖြစ်တာနဲ့ ဒီဝင်ငွေဟာ ပျောက်ဆုံးသွားတော့မှာပါ။ ဒီအတွက်ဒုတိယဝင်ငွေလမ်း ကြောင်းဟာ ရှိကို ရှိနေဖို့ လိုပါတယ်။ - ကိုယ့်အနေနဲ့ ငွေကြေးအရတည်ငြိမ်စွာ ရပ်တည်နေနိုင်ချင်တယ်ဆိုရင်တော့ အခြေခိုင်စေဖို့အတွက် ပမာဏအညီအမျှနီးနီးဝင်နေတဲ့ ဝင်ငွေလမ်းကြောင်းလေးခုလောက် အနည်းဆုံးရှိဖို့လိုအပ်ပါတယ်။ ဒီလိုခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတွေ တည်ဆောက်ပြီးတဲ့ နောက်မှာမှ အခြားသော Risk များ၊ Return များတဲ့ Investment Profile တွေကိုစမ်းသပ်လုပ်ဆောင်ကြည့်သင့်တာ ဖြစ်ပါတယ်။ - တချို့က ဝင်ငွေလမ်းကြောင်းလေး တစ်ခု နှစ်ခုရှိသေးရာက ရတဲ့စုငွေလေးတွေနဲ့ Risk များတဲ့ Investment တွေကို ပြုလုပ်မိပြီးဆုံးရှုံးကုန်တဲ့အခါ စုငွေပမာဏ ပြန်ပြည့်ဖို့ အချိန်အကြာကြီး ပြန်ကြိုးစားရကာ အချိန်တွေ၊ အသက်အရွယ်တွေ လေလွင့်ကုန်တတ်လို့ပါပဲ။ - ဒါကြောင့် လေးချောင်းထောက် ဝင်ငွေလမ်းကြောင်းတွေ အရင်ဖော်ဆောင်ဖို့အရေးကြီးပါတယ်။နောက်တစ်ချက်က ဝင်ငွေလမ်းကြောင်းတွေဟာ တစ်ခုနဲ့တစ်ခု အမျိုးအစားတူမနေဖို့ သိပ်အရေးကြီးပါတယ်။ ဝင်ငွေလမ်းကြောင်းလေးခုဖြစ်ပြီးရောဆိုရင် ကြီးမားတဲ့အပြောင်းအလဲတွေကို သိပ်ပြီးတောင့်ခံနိုင်လေ့ မရှိပါဘူး။ - ဒီစာအုပ်မှာ ငွေကြေးစီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုးတက်ပြောင်းလဲရေးဆိုင်ရာ အတွေးအမြင်တွေကို ဖတ်ရှုရမှာပါ။ ထူးခြားတာက ငွေကြေးဆိုင်ရာဂုရုတွေ၊ ပညာရှင်တွေရဲ့အတွေးအမြင်နဲ့ ဆရာကောင်းဟိန်းစိုးရဲ့အတွေးမြင်၊ အတွေ့အကြုံတွေချိတ်ဆက်ပြီး ရေးသားထားတာပါပဲ။