Cart

ရင်းနှီးမြှုပ်နှံမှုဖြင့် ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း

22500.00 MMK

Author: Kaung Hein Soe (Strategic)
ID: #889 Pages: 310

"တချို့ကရင်းနှီးမြှုပ်နှံမှု Investment လို့ပြောလိုက်ရင် ငွေအရင်းအနှီးတွေ အများကြီးနဲ့ အကြီးအကျယ်ကြီး လုပ်ရတာမျိုးလို့ ထင်ကောင်းထင်နေကြလေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငွေ အနည်းအကျဉ်း သောင်းဂဏန်း၊ သိန်းဂဏန်းလောက်နဲ့ကို စတင်လို့ရပါတယ်။ - Investment တိုင်းမှာ Risk တွေ ရှိပါတယ်။ ဘာ Risk တွေလဲဆိုတာကို အကုန်အစင်သိအောင် အရင်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဲဒီ Risk တစ်ခုစီကို ကာကွယ်၊ လျှော့ချ၊ ပယ်ဖြတ်၊ အဆုံးရှုံးနည်းဆိုတဲ့ ဘယ်နည်းနဲ့လုပ်ဆောင်နိုင်မယ်ဆိုတာကို ပြင်ဆင်မယ်ဆိုရင် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာစေမှာပါပဲ" - ဒီစာအုပ်မှာ ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပြင် ငွေကြေးဖောင်းပွမှုဆိုင်ရာအသိပညာတွေကိုပါ ဖတ်ရှုရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေခံသဘောတရားတွေ၊ Invest လုပ်တဲ့အခါ သိသင့်တဲ့ Income နဲ့ Capital Gain အကြောင်း၊ ထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမဟာဗျူဟာတွေ၊ Invest စလုပ်တဲ့သူတွေရဲ့ လုပ်တတ်တဲ့အမှားတွေ စသဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး လေ့ာယူသင်ယူစရာတွေ ပါဝင်ပါတယ်။ - ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ ခိုင်မာတဲ့သီအိုရီတွေနဲ့ စာရေးသူရဲ့ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံတွေကို ပေါင်းစပ်ပြီးဝေမျှထားပါတယ်။ - လက်တွေ့ Investment လုပ်နေသူတွေ၊ ရင်းနှီးမြှုပ်နှံမှုစလုပ်ချင်သူတွေ၊ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုစျေးကွက်ကို လေ့လာနေသူတွေ၊ ကိုယ့်ရဲ့ငွေကြေးကို လုံခြုံစိတ်ချစေမယ့် နည်းလမ်းရှာနေသူတွေ၊ အလုပ်လုပ်ရင်း Passive Income ရှာလိုသူတွေ၊ Investment လုပ်ပြီး ချမ်းသာကြွယ်၀လိုသူတွေ၊ ဒေါ်လာ၊ ရွှေ၊ စတော့နဲ့ အိမ်ခြံမြေစျေးကွက်အကြောင်း နားလည်လိုသူတွေ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews