Cart

ချစ်တယ် ဖေဖေ

8500.00 MMK

Author: နေ့သစ်ရောင်ခြည်
ID: #1481 Pages: 104

- မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ချွေးစက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်သလို တန်ဖိုးလည်း မမဲ့ပါဘူး။ အချို့ချွေးစက်တွေက စားဝတ်နေရေး၊ အချို့က ကျောင်းလခ၊ အချို့ကတော့ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ ချွေးစက်တစ်စက်ချင်းစီတိုင်းဟာ အဖေ့ရဲ့ နှုတ်ဆိတ်နေတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။ - မိမိကိုယ်တိုင် ဝတ်ကောင်းစားလှ ဝတ်ရဖို့ထက်၊ သားသမီးတွေရဲ့ ပခုံးပေါ်မှာ ကျောင်းလွယ်အိတ်လေးနဲ့၊ ခြေထောက်မှာ ဖိနပ်အလှလေး ရှိနေစေဖို့က အဖေတိုင်းရဲ့ ပထမဆုံးဆန္ဒပါ။ - အဖေ့မေတ္တာကို သိချင်ရင် အဖေ့မျက်နှာကို မကြည့်ပါနဲ့။ ကြမ်းတမ်းနေတဲ့ လက်ဖဝါး၊ ကွဲအက်နေတဲ့ ခြေဖနောင့်နဲ့ အသားမာတက်နေတဲ့ ပခုံးတွေကိုသာ ကြည့်ပါ။ - အဖေဆိုတာ သားသမီးရဲ့ အနာဂတ်အတွက် အချိန်နဲ့ ချွေးစက်တွေကို ရင်းပြီး ပေးဆပ်နေတဲ့ လူသားတစ်ယောက်ပါ။ - အဖေ့ရဲ့ချွေးစက်တွေသာ ဆေးစက်တွေ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ အလှဆုံးပန်းချီကားက အဖေဖြစ်မှာ သေချာပါတယ်။ - ထုတ်ပြောလေ့မရှိတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီစာအုပ်လေးထဲမှာ မြင်တွေ့ရပါလိမ့်မယ်။ _မိုးကောင်းမြေ

အဆင့်နှင့်မှတ်ချက်များ

User reviews