Cart

ကိုယ်ကျင့်နဲ့ ပညာ

10000.00 MMK

Author: အောင်သင်း
ID: #1491 Pages: 176

ဆရာဦး‌အောင်သင်းရဲ့ ကိုယ်ကျင့်နဲ့ပညာစာအုပ်မှာ ကိုယ်ကျင့်တရားနဲ့ ပညာရဲ့ အရေးပါပုံတို့ကို ထိထိရောက်ရောက် သုံးသပ်ပြထားပါတယ်။ ပညာနဲ့ကိုယ်ကျင့်တရားကို ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး ဘဝကို တည်ဆောက်နိုင်ဖို့၊ လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြတဲ့အခါ လူချစ်လူခင်များပြီး ရိုးသားတည်ကြည်စွာ နေထိုင်တတ်ဖို့၊ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ အလုပ်လုပ်ဖို့‌ကို ဒီစာအုပ်မှာ အသေးစိတ် အကြံပေးထားတာ ဖတ်ရှုရပါမယ်။ ဒီစာအုပ်ထဲမှာ လူငယ်တွေနဲ့ အမေးအဖြေကဏ္ဍတွေကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ *ကိုယ်ကျင့်တရားနဲ့ ဥစ္စာဓနချမ်းသာမှု ယှဉ်လာရင် ဘယ်ဟာကို ရွေးမလဲ၊ *ကိုယ်ကျင့်တရားပျက်ခြင်း‌မှာ လူကြီးနဲ့လူငယ် ဘယ်သူက ပိုများသလဲ၊ *ပညာတတ်ပြီး လူရာမ၀င်ဖြစ်နေရတာ ဘာကြောင့်လဲ ... အစရှိတဲ့ မေးခွန်းပေါင်းများစွာကို ဆရာဦးအောင်သင်းက ရယ်စရာလေးတွေနှောပြီး အချက်ကျကျ ပြန်လည်ဖြေကြားထားပါတယ်။ ပြီးတော့လည်း အဲ့ဒီမေးခွန်းတွေကနေ ပြန်လည်ထုတ်နုတ်ပြီး စဉ်းစားစရာတွေ၊ တွေးခေါ်စရာတွေကို စာမျက်နှာတွေထက်ကနေ ချန်ရစ်ခဲ့ပြန်ပါသေးတယ်။ ကိုယ်ကျင့်နဲ့ပညာစာအုပ်ဟာ မိမိကိုယ်ရည်ကိုယ်သွေးကို တောက်ပလိုသူ၊ လူမှုဆက်ဆံရေးမှာ ကိုယ်ကျင့်တရားကို အလေးအနက်ထားသူတိုင်း ကြိုက်နှစ်သက်မဲ့ စာအုပ်ကောင်းတစ်အုပ်ဆိုရင်လည်း မမှားပါဘူး။ ဒီအတွက်ကြောင့် လူငယ်၊ လူကြီးတိုင်းနဲ့ မိဘ၊ ဆရာများအနေဖြင့် သေသေချာချာ စေ့စေ့စပ်စပ် ဖတ်ရှုထားစေလိုပါတယ်။ ဒီစာအုပ်မှာပါတဲ့ အမေးအဖြေတွေ၊ အကြံပြုချက်တွေကို သေချာဖတ်ကြည့်ပြီး လက်တွေ့ တွေးခေါ် လိုက်နာကြတဲ့အခါ ဖြတ်သန်းရမဲ့ နေ့စဉ်ဘဝတွေအတွက် အထောက်အကူ ဖြစ်စေမှာ အမှန်ပဲလို့ ဆိုလိုက်ပါရစေ ...

အဆင့်နှင့်မှတ်ချက်များ

User reviews