Cart

ဉာဏ်ရည်မြင့်တာ စွဲမက်စရာ

16000.00 MMK

Author: ဉာဏ
ID: #1498 Pages:

- "အမျိုးသမီးဆိုတာ လှနေဖို့ပဲ လိုတာပါ" ဆိုတဲ့ စကားလုံးတွေ၊ "သဘောကောင်းတဲ့ မိန်းကလေး (Nice Girl)" ဖြစ်ရမယ်ဆိုတဲ့ ပုံစံခွက်တွေအောက်မှာ ကျွန်မတို့ အမျိုးသမီးတွေ ပိတ်မိနေခဲ့တာ ကြာပါပြီ။ - မှန်ရှေ့ရပ်ပြီး နှုတ်ခမ်းနီဆိုး၊ မိတ်ကပ်လိမ်းခြယ်လိုက်ရုံနဲ့ အလှတရားတစ်ခု ပြည့်စုံပြီလို့ ထင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ "အလှတရား" ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း ပိုပြီး နက်ရှိုင်းလာပါတယ်။ - တကယ်တမ်း စွဲမက်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ရုပ်ရည်တစ်ခုတည်း လှပနေရုံနဲ့ မလုံလောက်တော့ပါဘူး။ - သူ့ရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Independence)၊ လိုအပ်ရင် ငြင်းဆန်ရဲတဲ့ သတ္တိနဲ့ ဘဝကို ဦးဆောင်နိုင်စွမ်းတွေကသာ သူ့ကို အခြားသူတွေထက် ပိုပြီး တောက်ပစေတာပါ။ - သင့်ကို လူတွေက ရုပ်ရည်ကြောင့် စိတ်ဝင်စားကောင်း စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမဲ့ သင့်ကို လူတွေက လေးစားတန်ဖိုးထားပြီး မျက်နှာလွှဲလို့မရလောက်အောင် စွဲမက်သွားစေမှာကတော့ သင့်ရဲ့ "ဉာဏ်ရည်"ကြောင့်ပါပဲ။ - ဒီစာအုပ်မှာ အမျိုးသမီးတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အသက်အရွယ် ဖိအားတွေ၊ အချစ်ရေးနဲ့ ပတ်သက်တဲ့ အမြင်တွေကစလို့ ကိုယ်ပိုင်အမှတ်လက္ခဏာ (Identity) တွေကို ပျောက်ပျက်မသွားအောင် တည်ဆောက်နည်းတွေအထိ ခေါင်းစဉ် ၄၀ ခုနဲ့ အသေးစိတ် ဆွေးနွေးထားပါတယ်။ - ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ သင်ဟာ လူတိုင်းကို အလိုလိုက်အကြိုက်ဆောင်နေရတဲ့ "Nice Girl" တစ်ယောက် မဟုတ်တော့ဘဲ၊ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်တဲ့၊ ရင့်ကျက်တည်ငြိမ်ပြီး ကြင်နာတတ်တဲ့ "High Value Woman" အရည်အသွေးမြင့် အမျိုးသမီးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်မွေးဖွားနိုင်ပါလိမ့်မယ်။ "အလှတရားနဲ့အတူ ဉာဏ်ပညာကို ပေါင်းစပ်ရင်း သင့်ဘဝရဲ့ အကောင်းဆုံး Version ကို ပုံဖော်နိုင်ပါစေ"

အဆင့်နှင့်မှတ်ချက်များ

User reviews