Cart

အကောင်းမြင်စိတ်ဖြင့် ပျော်ရွှင်သောဘဝ

16500.00 MMK

Author: ထက်ထက်တင်ဇာ
ID: #1445 Pages: 272

- နေ့စဉ်ဘဝမှာ အမြဲတမ်းလိုလို တူညီတဲ့စက်ဝိုင်းထဲမှာ လည်ပတ်နေသလို ခံစားရပါသလား၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေက သင့်ရဲ့ နေ့ရက်တွေကို လွှမ်းမိုးထားပြီး အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေဟာ သင်နဲ့ ဝေးနေသလို ခံစားနေရပါသလား။ - တစ်ခါတစ်ရံမှာ ဘာလိုလို မပြည့်စုံဘူးလို့ ခံစားရပြီး ကိုယ်တိုင်က ပြောင်းလဲချင်ပေမဲ့ ဘယ်ကစရမှန်းမသိ ဖြစ်နေပါသလား၊ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရပြီး ပျော်ရွှင်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဖန်တီးချင်ပါသလား။ - Vex King ရဲ့ ကမ္ဘာကျော် Best-selling စာအုပ်ဖြစ်တဲ့ "Good Vibes, Good Life" က သင့်အတွက် အကောင်းဆုံးအဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။ - ဒီစာအုပ်က သင့်ရဲ့အတွေးအခေါ်၊ အဆိုးမြင်စိတ်တွေနဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲပေးပြီး အကောင်းမြင်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နေတဲ့ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လမ်းညွှန်ပေးပါလိမ့်မယ်။ - ဒီစာအုပ်ထဲမှာ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ချစ်ရမယ်၊ ကိုယ့်ရဲ့ အတွင်းစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ်၊ အကြောက်တရားတွေနဲ့ အဆိုးမြင်စိတ်တွေကို ဘယ်လိုအောင်မြင်စွာ ကျော်လွှားရမယ် စတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ လေ့လာနိုင်ပါလိမ့်မယ်။ - ဒီစာအုပ်ဟာ ရိုးရိုးရှင်းရှင်း စိတ်ဓာတ်ခွန်အား ပေးရုံသာမကဘဲ သင့်ရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် ပြောင်းလဲပစ်ဖို့ လက်တွေ့ကျကျ လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ်။ - သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေက သင့်ဘဝကို ဘယ်လိုပုံဖော်လဲဆိုတာကို ဒီစာအုပ်က မျက်စိဖွင့်ပေးပါလိမ့်မယ်။ - သင့်စိတ်ထဲက အကြောက်တရားတွေကို ရင်ဆိုင်ပြီး သင့်ဘဝထဲကို ကောင်းမွန်တဲ့ အရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မယ့် အဓိကသော့ချက်တွေကို ဒီစာအုပ်ကနေ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ - ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဒီစာအုပ်ဟာ သင့်ရဲ့ လမ်းညွှန်ဖြစ်ပါလိမ့်မယ်။ _စာရိပ်မြိုင်

အဆင့်နှင့်မှတ်ချက်များ

User reviews