8500.00 MMK
Author:
ပျိုး
ID: #758
Pages:
ပရဟိတ ကလေးပျော်ကျောင်းတစ်ကျောင်းတွင် မူကြိုဆရာမအဖြစ် လုပ်ကိုင်ခဲ့သည့်ကာလအတွင်း နေ့စဉ်တွေ့ကြုံခဲ့ရသော ကလေးများနှင့်ပတ်သက်ပြီး ရေးဖွဲ့ဖြစ်ခဲ့သည့် စာအုပ်ဖြစ်သည်။ လောကအပေါ် မြင်သည့် ကလေးတို့၏အမြင်၊ ဆော့ကစားရင်း သင်ယူကြရသည့် ကလေးတို့၏ပုံရိပ်များ၊ စိတ်ဝင်စားဖွယ်ကောင်းလှသည့် ကလေးတို့၏တွေးခေါ်ပုံ စသည့် အကြောင်းအချက်တို့က ဤစာအုပ်ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းတရားဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ ကလေးပျော်ကျောင်းမှာရှိသည့် အသက်နှစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်လေးတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုများ၊ အခက်အခဲများ၊ ယင်းကလေးတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ရပုံများကို ဖတ်ရှုရပါမည်။