8000.00 MMK
Author:
ညီလေးငယ်
ID: #759
Pages:
မိသားစုစီးပွားရေး ဖရိုဖရဲဖြစ်နေသည့် အိမ်ထောင်တစ်ခုမှ ရုန်းထွက်လာသော အမျိုးသမီးငယ်လေးမြခွာညို၏ ဘဝဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဖခင်က သစ်မှောင်ခိုမှုဖြင့်အဖမ်းခံရ၊ မိခင်နှင့် ပင်ပင်ပန်းပန်းဈေးရောင်းရင်း အဆင်မပြေမှုများဖြင့် စိတ်ဒဏ်ရာရနေသူ မြခွာညိုတစ်ယောက် ထွက်ပေါက်ရှာသည့်အနေဖြင့် ရည်းစားဖြစ်သူ ကိုစိုင်းဇော်၏ရင်ခွင်သို့ ပြေးဝင်ခိုလှုံခဲ့သည်။ သို့သော်လည်း မြခွာညို လိုအင်မပြည့်ရှာ။ ကိုစိုင်းဇော်မှာ သူ့အရင် မယားကြီးရှိခဲ့ သည်။ မပြည့်မစုံအနေအထားဖြင့် သူတို့အိုးအိမ်ထူထောင်ကြတော့ နောက်ထပ်အပူတွေ ထပ်ဆင့်လာပြန်သည်။ သူတို့မှာ သမီးလေးတစ်ယောက်ရလာသည့်တိုင် အိမ်ထောင်ရေးက သာယာမှုမရှိ။ သည်ကြားထဲ ကိုစိုင်းဇော်က ကင်းကွာနေသူမယားကြီးနှင့် ပြန်လည်ဆက်သွယ်နေတော့ မြခွာညိုတစ်ယောက် သမီးကိုခေါ်ပြီး အိမ်ပြန်လာခဲ့တော့သည်။ ဆိုရလျှင် ယခုစာအုပ်သည် စိတ်အလိုလိုက်ပြီး အိမ်ထောင်ပြုခဲ့ရှာသူ မိန်းမပျိုလေး၏ စိတ်ခံစားမှုများ၊ အိမ်ထောင်ရေးကံဆိုးရှာသူ Single Mother တစ်ဦး၏ ဘဝရုန်းကန်မှုများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့် အိမ်ထောင်ရေးဇာတ်လမ်းတစ်ပုဒ်ဟု ဆိုရပါမည်။