5000.00 MMK
Author:
ပျိုး
ID: #809
Pages:
"ညစဉ်ညတိုင်း ကြယ်လေးတွေ ဖွေးဖွေးလှုပ်လှုပ်ကြွေကျလေ့ရှိတဲ့ ကယန်းရွာလေးကို နောက်ခံပြုရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ အမှုအခင်းမရှိ၊ တောတောင် ရေမြေသာယာလှပတဲ့ ဒီရွာလေးက ရွာသားတွေဟာ တောင်ယာစိုက်၊ ပျားဖွပ်၊ အမဲလိုက် စသဖြင့် သက်မွေးဝမ်းကျောင်းပြုပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေကြတယ်။ ကြမ္မာအလှည့်အပြောင်းတစ်ခုမှာတော့ အခူးဆိုတဲ့လူငယ်လေးတစ်ဦးဟာ ရွာကနေ ပျောက်ဆုံးသွားခဲ့တယ်။ သဲလွန်စအဖြစ် သွေးစွန်းအင်္ကျီတစ်ထည်သာ ကျန်ရစ်ခဲ့ရဲ့။ အတိတ်ကာလတုန်းကလည်း အခူးရဲ့အမေဟာလည်း အခူးရဲ့နှမလေးကိုလက်ဆွဲပြီး ရွာဆီကနေ ပျောက်ချင်းမလှ ပျောက်ဆုံးခဲ့ဖူးတယ်။ ဒီလိုဒဏ္ဍာရီဆန်လွန်းတဲ့ ကယန်းရွာဇာတ်လမ်းလေး" အထက်ပါဇာတ်လမ်းက "လွမ်းနေဦးမည့် ငွေတောင်ပြည်" ဇာတ်လမ်းအကျဥ်းလေးပါ။ ယခု "အလွမ်းဖြင့် နွေးစေ" ဇာတ်လမ်းကတော့ ငွေတောင်ပြည်ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အခူးရဲ့မိခင်၊ အခူးရဲ့နှမလေး၊ အခူးနဲ့ ယမင်းယွန်းဟေသာတို့ရဲ့ ကံကြမ္မာရေစက်ဟာ ပြန်လည်ဆုံတွေ့ကြဦးမှာလား၊ အလွမ်းတွေနဲ့ အေးစက်စွာ ဝေးကွာခဲ့ရတဲ့ နှလုံးသားတွေဟာ အလွမ်းတွေကြောင့်ပဲ ပြန်လည် နွေးထွေးစေမှာလား ဆိုတာကို ဒီဇာတ်လမ်းလေးက ဖွင့်ဆိုပြောပြပါလိမ့်မယ်။