18000.00 MMK
Author:
မြတ်ငြိမ်း
ID: #1508
Pages: 301
ယနေ့ခေတ်လူငယ်၊ လူလတ်အများစု၏ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်စီးပွားရေး သို့မဟုတ် မိမိတစ်ဦးတည်း လွတ်လပ်စွာဆောင်ရွက်နိုင်သော လုပ်ငန်းမျိုးကို လုပ်ကိုင်လိုကြခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက်ငွေကြေးဆိုင်ရာပညာနှင့်အတွေ့အကြုံအမြော်အမြင်ရှိဖို့ လိုအပ်ပါသည်။မိမိနှင့်မိမိ၏ မိသားစုပြည့်စုံကြွယ်ဝစေရန် တည်ဆောက်ရယူသည့်နည်းလမ်းများသည် ဒုံးပျံတည်ဆောက်သည့်ပညာရပ်လို လူတိုင်းမတတ်နိုင်သည်မဟုတ်။ကြီးပွားလိုသူတိုင်း သင်ယူလေ့လာရင်ရတဲ့ ပညာဖြစ်ပါတယ်။ ငွေသည် စွမ်းအားတစ်မျိုးဖြစ်၏။ သို့သော် ပို၍စွမ်းအားကြီးသည်မှာ ငွေကြေးနှင့်ပတ်သက်သည့်ပညာဖြစ်၏။ ငွေတွေဝင်လာသည်။ ပြန်ထွက်သွားသည်။ သို့သော် ငွေတွေဘယ်လိုအလုပ်လုပ်ကြောင်း သိမြင်တတ်လာလျှင် ငွေကိုခိုင်စေနိုင်သည့် စွမ်းအားသင့်မှာရလာ၏။ထို့နောက်တော့ သင်၏ဓနဥစ္စာကို စတင်ထူထောင်နိုင်ပေပြီ။ တကယ်တော့ အပြုသဘောဆောင်သည့် စဉ်းစားတွေးခေါ်ခြင်းတစ်မျိုးတည်းဖြင့် အလုပ်မဖြစ်ပါ။ ဘာကြောင့် အလုပ်မဖြစ်သလဲဆို လူအများစုသည် ကျောင်းနေကြသည်။ သို့သော် ငွေဘယ်လိုအလုပ်လုပ်သည်ဆိုတာကို လေ့လာဆည်းပူးခဲ့ခြင်းမရှိကြသောကြောင့်ဖြစ်၏။ ရလာဒ်မှာ သူတို့ တစ်သက်လုံး ငွေရရေးအတွက် အလုပ်လုပ်ရခြင်းပင်ဖြစ်ခြင်းပေသည်။ ဤစာအုပ်တွင်ပါဝင်သော သင်ခန်းစာများသည် အဖြေများမဟုတ်ပါ။ လမ်းညွှန်ချက်များသာဖြစ်ပါသည်။ ပြောင်းလဲမှုနဲ့ မရေရာမှုတွေ တိုးပွားများပြားလာသည့် ကမ္ဘာကြီးပေါ်တွင် မည်သို့သောဖြစ်ရပ်မျိုးတွေဖြစ်ပေါ်လာသည်ဖြစ်စေသင်နှင့်သင့်ကလေးတွေချမ်းသာကြွယ်ဝလာအောင် အထောက်အကူပြုပေးမယ့် လမ်းညွှန်ချက်များပါဝင်ပါတယ်။ (မူရင်းစာအုပ် Rich Dad Poor Dad) ဆရာမြတ်ငြိမ်းက ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်လေးက သင်၏အနာဂတ်၊ ဘဝပန်းတိုင်အသစ်၊ရည်မှန်းချက်အသစ် စိတ်ကူးအသစ်များဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။