Cart

ဖေဖေပေးခဲ့မယ့် အမွေ

10000.00 MMK

Author: မြတ်ငြိမ်း
ID: #600 Pages: 176

- လူတို့သည် အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကျော်ကြားခြင်း၊ ဇိမ်ကျကျနေလိုခြင်း၊ လူချစ်လူခင်များခြင်း စသည့် လောက၏ကောင်းချီးမင်္ဂလာများကို ရရှိပိုင်ဆိုင်ရလေအောင် ကြိုးစားရှာဖွေကြသည်။ - လက်ဝယ်ပိုင်ဆိုင်ရရှိနိုင်ကြဖို့ အားထုတ်ဆောင်ရွက်ကြသည်။ ဤသို့အားထုတ်ကြိုးစား လို၍ မရသောဆင်းရဲ၊ မလိုဘဲနှင့်ရသော ဆင်းရဲတို့ကို ခံစားကြရသောအခါ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်ကြသည်။ ရရှိထားသော မိမိဘဝကိုမကျေမနပ်ဖြစ်လာကြသည်။ ထိုအခါ ထိုသို့သောသူမျိုးကို ဘဝတွင်နေပျော်သူများဟူ၍ မည်သို့သတ်မှတ်နိုင်ပါတော့မည်နည်း။ - တစ်ဖန် မိမိရည်မှန်းသည်ကို မရရအောင် ကျားကုတ်ကျားခဲ အားထုတ်လုပ်ဆောင်သဖြင့် အန္တိမပန်းတိုင်သို့ရောက်ရှိခဲ့သည် ဆိုငြားအံ့။ မရသေးသည်တို့ရအောင် ကြိုးပမ်းဆွတ်ခူးခဲ့ရသော အောင်မြင်မှု၏ရသကို ကောင်းစွာခံစားဖို့ အချိန်များများစားစားမကျန်တော့ဘဲ နွမ်းနယ်မှုများစွာဖြင့် ခြေကုန်လက်ပန်းကျရတော့သည်။ထိုသို့သောသူမျိုးကိုလည်း ဘဝတွင်နေပျော်သူများဟူ၍ ရည်ညွှန်းနိုင်ပါတော့မည်လော။ - ထိုသဘောတရားကို ထွင်းဖောက်သိမြင်သော မူရင်းစာရေးသူက သူ့သားနှစ်ယောက် ဘဝခရီး ဆက်ပြီးနှင်ရာတွင် မောဟများ၊ သောကများ မပွားရလေအောင် အဖိုးတန်အရာရောက်သော ဘဝနေနည်းများကို လက်ဆင့်ကမ်း မျှဝေ‌ပေးခဲ့သည်။ - ဤသို့ မျှဝေပေးခဲ့သည့် ဘဝနေနည်းများသည် စာရေးသူ၏သားများအတွက်သာမက လိုက်နာကျင့်ကြံနိုင်သူ လူသားတိုင်းအတွက်ပါ နေပျော်သောဘဝတည်ဆောက်နိုင်ရေးအတွက် အကူအညီဖြစ်စေမည်ဟု ဆိုချင်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews