3000.00 MMK
Author:
ရဲမြင့် (စွန့်ဦးတီထွင်)
ID: #158
Pages:
မူရင်းစာရေးသူ Ken Blanchard ၊ Don Huston နှင့် Ethan Willis တို့ ၏ The One Minutes Entrepreneur စာအုပ်ကို ဆရာရဲမြင့် (စွန့်ဦး တီထွင်) က ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ မူရင်းစာရေးသူများသည်စီးပွားရေးလောကတွင် အောင်မြင်သောလုပ်ငန်းရှင်များဖြစ် သကဲ့သို့ သူတို့ရေးသားထုတ်ဝေခဲ့သောစာအုပ်များသည်လည်း အရောင်းရဆုံး စာရင်းဝင်များဖြစ်သည်။ ဤစာအုပ်သည် စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဖြစ်လိုသော လူငယ်ဇနီးမောင်နှံကို အဓိက ဇာတ်ကောင်အဖြစ်ထား၍ စာရေးသူတို့ပေးချင်သော၊ စီးပွားရေးလုပ်ငန်းသစ်တည်ထောင်ရာတွင် သိသင့်သော ပညာရပ် ဆိုင်ရာအချက်အလက်များကို ဝတ္တုပုံစံဖြင့် ရေး သားထားသည်။ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်း၊ အသိ ပညာတိုးပွားခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လိုခြင်း၊ ကုမ္ပဏီဖွဲ့စည်းခြင်း၊ ပုံပြင်ဆန်တဲ့ဝန်ဆောင်မှုများကို ဖန်တီးခြင်း၊ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးမှာ ရှိသင့်တဲ့ အရေးကြီးဆုံးအရည်အသွေး (၂၀) စသည်ဖြင့် အခန်းပေါင်း ၁၅ ခန်းဖြင့် ရေးသားထားပါသည်။ အောင်မြင်သောလုပ်ငန်းရှင် တစ်ယောက်ဖြစ်ရန် မလွဲမသွေလိုက်နာသင့်သည့်အရေးကြီး သည့်အချက်များကို ဖော်ပြထားပါသည်။ ဤစာအုပ်သည် မျိုးဆက်သစ်လူငယ်လူရွယ်များအတွက် ထူးချွန်ထက်မြက် သော၊ အောင်မြင်သောစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရန် များစွာအထောက်အကူပေးနိုင်မည့်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။