2000.00 MMK
Author:
ဒေါက်တာမာမာဆွေ
ID: #195
Pages:
ဤစာအုပ်သည် Josiane Cobert MD ၏ 100 Questions & Answers Abouts Your Child’s Obsessive Compulsive စာအုပ်ကို ဒေါက်တာမာမာဆွေက ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ ကလေးသူငယ် များတွင် ဖြစ်တတ်သော စိတ်ကစဉ့်ကလျားရောဂါကြောင်း၊ ရောဂါရှာဖွေပုံ၊ ဆေးကုသရေး၊ ရောဂါတိုး တက်မှုဆုတ်ယုတ်မှုဖြစ်စဉ်နှင့် လက်ရှိကြိုးပမ်းဆဲ စမ်းသပ်မှုများအကြောင်းကို စုံလင်စွာတင်ပြထားပါသည်။ မေးခွန်းနှင့်အဖြေ စုစုပေါင်းတစ်ရာကို စိတ်ကစဉ့်ကလျားရောဂါ၏ အခြေခံအချက်အလက်များ၊ ရောဂါ သတ်မှတ်ခြင်း၊ ဆေးဝါးကုသမှုနှင့် လက်ခံယုံကြည်မှုအခြေအနေများ၊ ဆေးဝါးမသုံးဘဲ ကုသနည်း အကြောင်း၊ ဆေးဝါးသုံးစွဲ၍ ဆေးကုသခြင်းကဏ္ဍနှင့် မိသားစု၊ ကျောင်းနှင့် ညီအစ်ကိုမောင်နှမများဟူ၍ အပိုင်းခြောက် ပိုင်းခွဲကာ ရောဂါအကြောင်း ကို ဆရာဝန်၊ ဆရာမ စသော ကျန်းမာရေးစောင့်ရှောက်သူများ၊ ကလေးထိန်း တာဝန်ထမ်းဆောင်ပေးသူများနှင့် အမေးအဖြေပုံစံဖြင့် ဆွေးနွေးတင်ပြထားသောကြောင့် အကြောင်းအရာမှာ များစွာစုံလင်ပါသည်။ သားသမီးများထဲတွင် စိတ်ကစဉ့်ကလျားရောဂါရှိ နေပါက မိဘများအတွက်သာမက မိသားစုအတွက်ပါ စိတ်ထိခိုက်စရာ၊ ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် မိမိတို့၏ သားသမီးများကို အရိပ်တကြည့်ကြည့်ဖြင့် ပြုစုစောင့်ရှောက်သော မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အမူအရာ၊ အကျင့်လက္ခဏာများသည် ပုံမှန်လား၊ စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်အစွဲ လမ်းကြီးရောဂါခံစားနေရ သောလက္ခဏာလား စသည်ဖြင့် ခွဲခြားသိရှိနိုင်ရန်၊ ကျန်းမာရေးဗဟုသုတရရှိရန် များစွာအထောက်အကူပြုနိုင် မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။