Cart

နိုင်ငံတကာနှင့် ရိုးရာကစားနည်းများ ရောင်စုံဆေးခြယ်

2000.00 MMK

Author: ကာတွန်းမိုးထက်မိုး
ID: #283 Pages:

ကစားခြင်းဆိုသည်မှာ ကလေးတို့နှင့် ရင်းနှီးဆက်စပ်နေသော အကြောင်းတစ်ခုဖြစ်သည်။ ကလေးတို့ နှစ်နှစ်၊ သုံးနှစ် အရွယ်မှစ၍ မူလတန်း၊ အလယ်တန်း၊ ရောက်သည့်တိုင်အောင် ကစားကြသည်ကို တွေ့ကြရပါမည်။ အသက်အရွယ်အလိုက် ကစားနည်းအမျိုးမျိုး ကစားကြသည်။ ယခုထုတ်ဝေလိုက်သော ဆေးရောင်ခြယ်စာအုပ်တွင် အသက်ငယ်ရွယ်စဉ် ကစားနိုင်သော ကစားနည်းအပါအဝင် အသက်အရွယ်မရွေး ကစားနိုင်သော ကစားနည်းမျိုးစုံ ပါဝင်သည်။ ဆေးရောင်လှလှလည်းခြယ်ရင်း မြန်မာနိုင်ငံရှိ ကစားနည်းများအပါအဝင် နိုင်ငံတကာကစားနည်းများကိုလည်း တွေ့ရမည်ဖြစ်သည်။ ဤစာအုပ်တွင် မြန်မာ့ရိုးရာကစားနည်းများဖြစ်သော ညောင်ပင်တစ္ဆေ၊ ကြိုးခုန်၊ ခြင်းခတ်၊ လိပ်ဥဖွက်၊ ရေအိုးရွက် စသည်တို့အပါအဝင် နိုင်ငံတကာကစားနည်းများဖြစ်သော ဘောလုံး၊ ရေကူး၊ စက်ဘီးစီး စသည့် ကစားနည်းများလည်း ပါဝင်သည်။ ကလေးများ ထိုရုပ်ပုံများကိုကြည့်၍ နှစ်သက်သလို ဆေးရောင်ခြယ်သပြီး ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews