2000.00 MMK
Author:
ဒေါက်တာစိုးမင်း
ID: #311
Pages:
စိတ်ခံစား ချက်များသည် ကျွနု်ပ်တို့ နှင့် အတူ တန်ဖိုးထား ရုန်းကန် လှုပ်ရှား သွားလာ နေထိုင်ကြ ရသည်သာ ဖြစ်ပါသည်။ များပြားလွန်း လှသည့် စိတ်ခံစား ချက်များမှ ဝမ်းနည်းမှုများ ကို ဖြစ်ပေါ်စေသကဲ့ သို့ ပျော်ရွှင်မှု အစုံအလင်ကိုလည်း ဖြစ်ပေါ်စေပါသည်။ မူရင်းစာ ရေးသူ Dr.C.R Chandrashekar ၏ Manage Your Emotions Improve Your Health ကို ဘာသာပြန်ဆိုထားသော ဤစာအုပ် တွင် စိတ်ခံစား ချက်များနှင့် နေထိုင်ခြင်း များကို တင်ပြထားပါ သည်။ စိတ်ခံစားချက် လှိုင်းဂယက်များ၊ ဦးနှောက်၊ အာရုံကြော စနစ်တို့၏ အခန်းကဏ္ဍများ၊ ကိုယ်ခန္ဓာ အတွင်း လုပ်ဆောင်ချက် များအပေါ် စိတ်ခံစားချက်များ ၏အကျိုး သက်ရောက် မှုများ စသည့် အခန်း ၁၂ ခန်းဖြင့် စာဖတ်သူတို့ အနေနှင့် ကျန်းမာရေး ကို ထိခိုက် စေနိုင် သည့် ဆိုးကျိုးများ ကိုသာ ပေးသည့် စိတ်ခံစားချက် များကို ပျော်ရွှင် ကျေနပ်မှု၊ မေတ္တာတရား ထားရှိမှု၊ ကိုယ့်ကိုယ် ကိုယ် ယုံ ကြည်မှု စသဖြင့် စိတ်ခံစား ချက်များနှင့် အစားထိုး နေသွားနိုင်စေရန် ရည်ရွယ်၍ ရေးသား ထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။