3000.00 MMK
Author:
တင်မိုးလွင်
ID: #343
Pages:
ခန္ဓာကြံ့ခိုင်မှုနှင့် လူသားဖွံ့ဖြိုးတိုတက်မှုများအကြောင်းရေးသားသူ ဂလိုရီယာသောမတ်၏ Think Yourself Young စာအုပ်ကို မတင်မိုးလွင်က ဘာသာပြန်ပြီး Lifestyle မဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့သောဆောင်းပါးများကို စုစည်းထားသော စာအုပ်ဖြစ်ပါသည်။ အသက်အရွယ် ဆိုတာ၊ သင်ကိုယ်တိုင်ရဲ့ပုံရိပ်၊ အပြောင်းအလဲအတွက် သင်ယူခြင်း၊ သင့်ခန္ဓာနဲ့ နုပျိုမှု၊ ယောဂလေ့ကျင့်စဉ်များ၊ စိတ်ဖိစီးမှုနဲ့ ကုစားခြင်း စသည့် အခန်းခြောက်ခန်း ပါဝင်ပါသည်။ အလှအပကို မြတ်နိုးသူများ အတွက်၊ ငယ်ရွယ်နုပျိုမှုကို ပိုင်ဆိုင်လိုသူများအတွက် ပိုမိုလှပလာနိုင် သော၊ ရှိရင်းစွဲအသက်ထက် ကိုယ့်ကိုယ်ကိုယ် ငယ်သေးတယ် ဟု တွေးနိုင်အောင် မိမိကိုယ်ကိုယ် ပြုပြင်နိုင်သော၊ မိမိယုံကြည်ချက် မျော် လင့်ချက်များကို ရရှိအောင် ပြောင်းလဲရယူနိုင်သော နည်းလမ်းကောင်း များ၊ စိတ်လေ့ကျင့်ခန်းများ၊ ကိုယ်ကာယလေ့ကျင့်ခန်းများ ဖော်ပြထား သည်။ စာအုပ်ပါနည်းလမ်းများအတိုင်း ကျင့်ကြံအားထုတ်၍ အကျိုး ကျေးဇူးများစွာ ရရှိခံစားရကြောင်း မတင်မိုးလွင်ကလည်း ပြောထားပါသည်။ ဤလေ့ကျင့်စဉ် များကြောင့် ပိုမိုငယ်ရွယ်နုပျိုလာသူများအကြောင်းကိုလည်း ဖော်ပြထားသည်။ ထို့ကြောင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လိုသူများအတွက်၊ ပိုမိုငယ်ရွယ်နုပျိုလိုသူများ အတွက်၊ အလှအပကို မြတ်နိုးသူများအတွက် များစွာအထောက်အကူပြုနိုင်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သောကြောင့် ဖတ်သင့်၊ ဆောင်ထားသင့်သောစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။