4800.00 MMK
Author:
အောင်ကို (တောင်ငူ)
ID: #370
Pages:
အောင်မြင်သူများ၌ သူတစ်ပါးနှင့်မတူသော စရိုက်လက္ခဏာတွေရှိကြသည်။ သူတို့က ပခုံးနှစ်ဖက်ကြားဦးခေါင်းတည်ရှိသူ ‘လူ’ အချင်းချင်း သူတစ်ပါးထက် ပိုပြီးထူးခြားလေ့ရှိကြသည်။ ထိုအရာက အကြောင်းမဲ့မဟုတ်၊ သူတို့က အသေးအဖွဲကစပြီး ကြီးမားသည့်မျှော်မှန်းချက်အထိ စူးစိုက်သောစိတ်အပြည့်ရှိသည်။ ဘယ်အရာကိုမှလျှော့မတွက်။ အောင်မြင်မှုပုစ္ဆာဆိုသည်ကလည်း ခက်ခဲသည်။ နက်နဲသည်။ တော်ရိလျော်ရိစိတ်ဇွဲဖြင့် မဖြေရှင်းနိုင်။ အောင်မြင်သူတို့ဖြတ်သန်းခဲ့သည့် လမ်းကြောင်းကိုကြည့်လျှင်သူတို့၏ ကျားကုတ်ကျားခဲကြိုးစားခဲ့မှုတွေ၊ အခွင့်အရေးကို အမိအရဖမ်းဆုပ်ယူခဲ့ကြပုံတွေကို မြင်ရပါမည်။ သည်စာအုပ်ကတော့ အောင်မြင်လိုသူများအတွက် မျှဝေသောမျှဝေချက်တွေဟု ဆိုရပါမည်။ ဘဝခရီးမှာလိုအပ်သည့် အတွေးအမြင်၊ အကျင့်အကြံကောင်းများကို ဖြည့်ဆည်းပေးပါလိမ့်မည်။ တစ်နည်းအားဖြင့် အောင်မြင်မှု၏ပုစ္ဆာကိုတွက်ချက်ဖြေရှင်းပေးပါလိမ့်မည်။