Cart

အာရှအားပြိုင်ပွဲ

3500.00 MMK

Author: ရဲတင့်
ID: #381 Pages:

ဤစာအုပ်တွင် အမေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန် စသည့် အာရှနိုင်ငံများ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို နှိုင်းယှဉ်ချိန်ထိုးပြထားသောစာအုပ်ဖြစ်ပါသည်။ အာရှအားပြိုင်ပွဲ၊ ဂျပန် သြဇာအရှိန်အဝါကြီးမား သည့် ခံနိုင်အားနည်းသည့် ဇရာထောင်းနေသည့် အာရှမှ စစ်မီးထတောက်နိုင်သည့် အန္တရာယ်ဒေသများ၊ သွေးစွန်း သောအမှတ်တရမြေ စသည်ဖြင့် ဆောင်းပါးပေါင်း ၂၄ ပုဒ်ပါဝင်ပါသည်။ ကမ္ဘာ့အင်အားကြီး စူပါပါဝါဖြစ်သော အမေ ရိကန်နိုင်ငံသည် မိမိ၏ပြိုင် ဘက်ဖြစ်လာနိုင်သော တရုတ်နိုင်ငံနှင့် အင်အားချင်းချိန်ညှိရန် တရုတ်နိုင်ငံပြီးလျင် လူဦးရေ များပြီး နောင်တစ်ချိန်တွင် အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သော အိန္ဒိယနိုင်ငံနှင့်သာမက ပါကစ္စတန်နိုင်ငံများနှင့် မဟာ မိတ်ဖွဲ့ပြီး အကူအညီပေးပုံများ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အရေးများကိုပါ ဆွေးနွေးတင်ပြထားသည်။ အာရှမှ နိုင်ငံများအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပေါ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ချိန်ခွင်လျာထိန်းညှိမှုများအကြောင်း ဗဟုသုတဖြစ်ဖွယ်၊ သတိပြုဆင်ခြင်ဖွယ်များ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews