Cart

Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း

2400.00 MMK

Author: အောင်ကို (တောင်ငူ)
ID: #395 Pages:

ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စီမံထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်တံဆိပ်မည်သည် အဘယ်နည်း။ သင့်ကိုယ်ကို (သင်၊ သူတို့က) ဘာတဲ့လဲ။ ကိုယ့်အမှတ်တံဆိပ်ကို ဂရုစိုက်ဖြည့်ဆည်း ပေးခြင်း၊ အင်တာနက်ခြေရာများ၊ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်တည် ဆောက်ခြင်းပုံရိပ်များ ... စသည်ဖြင့် အခန်းကိုးခန်းဖြင့် တင်ပြထားသည်။ မိသားစုအပါအဝင် လုပ်ငန်းခွဲနှင့် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ထင်ဟပ်နေသော မိမိပုံရိပ်အမှတ်တံဆိပ်သည် မည်မျအရေးကြီးသည်၊ ပုံရိပ်ကောင်းဂုဏ်သတင်းကောင်းကို မည်သို့ဖော် ဆောင်ရမည်၊ မည်သို့စီမံထိန်းသိမ်းရမည်၊ ပျက်စီးမှုကို မည်သို့ပြုပြင်ရမည် စသည့်နည်းလမ်းများကို ရှုထောင့်မျိုးစုံမှ တင်ပြထားသည်။ ယခင်က ကိုယ့်သတင်းကိုယ့်ပုံရိပ်သည် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုတည်းတွင်သာ သိနိုင်သော် လည်း ယခုအခါ အင်တာနက်အသုံးတွင်ကျယ်လာပြီး လူမှုကွန်ရက်များကို အသုံးပြုလာကြရာ ကိုယ့်သတင်း၊ ကိုယ့် အကြောင်းကို တစ်ကမ္ဘာလုံးက သိနေနိုင်သည်ဖြစ်ရာ မိမိ၏ဂုဏ်သိက္ခာကို ကောင်းစွာစီမံထိန်းသိမ်းတတ်ရန်မှာ လွန်စွာအရေးကြီးလာပါသည်။ ဆရာအောင်ကို (တောင်ငူ) ၏ ဤစာအုပ်သည် မိမိ မိသားစု၊ လုပ်ငန်းခွင်တွင်သာမက လူမှုကွန်ရက်များ အပါ အဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုယ့်ပုံရိပ်ကို စီမံထိန်းသိမ်းပြီး ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်ရန် များစွာအထောက်အကူ ပြုမည့်စာအုပ်ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews