2000.00 MMK
ID: #459 Pages:
ကျန်းမာခြင်းဆုလာဘ်သည် အဖိုးထိုက်တန်သည်။ ကျန်းမာမှ ပျော်ရွှင်နိုင်မည်။ တိုးတက်နိုင်မည်။ကိစ္စအဝဝ အကောင်အထည်ဖော်နိုင်မည်။ အမည်သိသည့်ရောဂါများအတွက်ကျွမ်းကျင်ပညာရှင်များစွာက ကုထုံးများဖြင့်လိုအပ်သလို ကုသနိုင်သော်လည်း အမည်ဖော်ရန်ခက်သည့် အကြောတက်ဝေဒနာအတွက်မူ ကုသရုံနှင့်မပြီးဘဲ ဝေဒနာရှင်ကိုယ်တိုင်က ကျန်းမာရေးအသိရှိဖို့ လိုအပ်ပါသည်။ ဤစာအုပ်တွင် ဝေဒနာခံစားစဉ် ဆောင်ရန်၊ရှောင်ရန်များနှင့် ထားသင့်သည့် စိတ်နေစိတ်ထားပါမကျန် မေး-ဖြေများနှင့်လမ်းညွှန်ချက်များ ပါဝင်ပါသည်။ ဝေဒနာ လက်တွေ့ခံစားရသူများ၏ ပြောစကားများက ဆိုးဝါးသည့်ဝေဒနာကို ကျော်ဖြတ်ရင်ဆိုင် နိုင်ရန်အတွက် အားဆေးများ ဖြစ်ပါလိမ့်မည်။