3500.00 MMK
ID: #535 Pages:
ခေါင်းဆောင်နိုင်မှုအရည်အချင်းသည် မွေးရာပါမဟုတ်။ မည်သည့်ခေါင်းဆောင်မဆို သင်ယူခြင်းမှတစ်ဆင့် ခေါင်းဆောင်လာနိုင်ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ကုမပ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို အောင်မြင်မှုဆီသို့ ခေါ်ဆောင်သွားနိုင်ရန်နှင့် ရရှိပြီးသားအောင်မြင်မှုကို ရေရှည်ဆက်လက်တည်တံ့နိုင်ရန် ခေါင်းဆောင်တစ်ယောက်တွင် ရှိသင့်သည့် အရည်အချင်းများကို သိရှိရန်၊ ဖြည့်ဆည်းရန်သာလိုအပ်ပါသည်။ ခေါင်းဆောင်တိုင်းတွင်ရှိသင့်သည့် အရည်အချင်းများ၊ ခေါင်းဆောင်တစ်ယောက်၏ ကျွမ်းကျင်မှုများ၊ ခေါင်းဆောင်မှုအတွက် အကြောင်းအရာသစ်များကိုသာမက ခေါင်းဆောင်များ၏တိုးတက်မှုကို ရပ်တန့်စေမည့်အကြောင်းအရင်းများကို လေ့လာတင်ပြထားပါသည်။