Cart

အောင်မြင်သူတွေ ဘယ်လိုတွေးသလဲ

2500.00 MMK

Author: အောင်စည်သာ
ID: #749 Pages:

စာရေးဆရာ ဟင်နရီဒေးဗစ်သိုရူးကပြောခဲ့တယ်။ ' တစ်ခါတစ်ရံမှာ မျက်စိအောက်မှာ ရှိနေပေမဲ့မယ့်လည်း အချို့အရာဝတ္ထုတွေက မမြင်နိုင်ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ ဉာဏ်ပညာဟာ မသိလို့ပါ' တဲ့။လူတွေဟာ သူတို့မြင်နေကျဟာကိုပဲ အရင်မြင်လေ့ရှိတယ်။သင်ဟာ ဘယ်လိုလူစားလဲဆိုတာကို ဆုံးဖြတ်ပေးမှာက သင်ဘယ်လိုတွေးသလဲဆိုတာနဲ့ သင်ဘာကို မြင်သလဲဆိုတာပါ။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်သူတွေဟာ သူတို့ရဲ့မြင်ကွင်းထဲမှာ သူတို့မမြင်သေးတဲ့အရာတွေရှိနေတယ်ဆိုတာ သိကြတယ်။ သူတို့ကိုယ်ထဲက သူတို့မမြင်နိုင်တဲ့အခါ အခြားသူရဲ့ ကမ္ဘာထဲကို အခြားသူရဲ့မျက်စိထဲကတစ်ဆင့်ကြည့်ကြတယ်။ ဘောင်ထဲမှာနေရင် ဘယ်လိုရုပ်ပုံမျိုးလဲဆိုတာ သိဖို့ခက်ခဲပါတယ်။ဘောင်ပြင်ထွက်ပြီးကြည့်မယ်ဆိုရင်တော့ ရုပ်ပုံတစ်ခုကို ကောင်းစွာမြင်နိုင်မှာပါ။ သူများတွေဘယ်လိုမြင်လဲဆိုတာကိုသိဖို့ သူတို့ဘယ်လိုစဉ်းစားလဲဆိုတာကို အရင်ဆုံးသိရပါမယ်။ နားထောင်သမားကောင်းတစ်ယောက် ဖြစ်လာခြင်းဟာ အဲဒီကိစ္စကိုကောင်းစွာ အကူူအညီပေးနိုင်ပါလိမ့်မယ်။ သင့်အလုပ်ကို သင်လုပ်ရင်းပဲ သူတစ်ပါးရဲ့ရှုထောင့်ကို သင်ဂရုစိုက်ရပါလိမ့်မယ်။ တစ်ခုခုကို ဘယ်လိုလုပ်ရမလဲဆိုတာ သိသူဟာ အလုပ်တစ်နေရာရဖို့ မခဲယဉ်းတတ်ပါဘူး။ ဒါပေမယ့် တစ်ခုခုဟာ ဘာကြောင့်လဲဆိုတာကို သိတဲ့အတွေးအသမားတွေကတော့ သူတို့ရဲ့ဆရာဖြစ်နေတတ်ပါတယ်။တွေးခေါ်စဉ်းစားပုံကသင့်ဘဝကိုပြောင်းလဲစေပါတယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews