Cart

ကာတွန်းပညာ လို - တို - ရှင်း

7000.00 MMK

Author: အော်ပီကျယ်
ID: #764 Pages:

ဆရာအော်ပီကျယ် ဟုဆိုလျှင် အနုပညာနယ်ပယ်သာမက ကျန်နယ်ပယ်ရပ်ဝန်းရှိလူများလည်း သိကြသည်။ လေးစားကြသည်။ စက်မှုတက္ကသိုလ် Cartoon Box တွင် လက်စွမ်းပြခဲ့သူ၊ ပထမအစုမှသည် ပဉ္စမအစုကာတွန်းပေါင်းချုပ်များဖြင့် ထူးချွန် ပြောင်မြောက်သည့် အတွေးအရေးများကို ခင်းကျင်းပြသခဲ့သူ ဆရာအော်ပီကျယ်က ယခုစာအုပ်ကို ၁၉၈၈ ဝန်းကျင်က စတင်ရေးဆွဲစီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေနိုင်ဘဲ အနှစ်သုံးဆယ်ကျော်ကြာ ယခုအချိန်ကျမှသာ အကောင် အထည်ပေါ်လာခဲ့ခြင်းဖြစ်သည်။ "လို ဆိုတာ - လိုရင်း။ အပိုတွေမပါနဲ့ ဆိုပေမယ့်၊ လိုတာတွေတော့ ပြည့်စုံသင့်တယ်။ တို ဆိုတာ - မရှည်နဲ့ ဆိုပေမယ့်၊ တုံးတိတိမဟုတ်ဘဲ သဘောပေါက်အောင် ပြောရမယ်။ ရှင်း ဖို့က - ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိပါမှ။ ကိုယ့်ဟာကိုယ် သိနေတာကို သူများရှင်းပြဖို့ကျတော့ ရွာလည်တယ်။ အခြေခံချင်း မတူတော့ ထပ်ဆင့်ရှင်းရင်း၊ ရှင်းရင်းနဲ့ ပို - ရှည် - ရှုပ် ဖြစ်သွားရော" ဟု ဆိုထားသည့် ကာတွန်းပညာ လို - တို - ရှင်း စာအုပ်ကို ကာတွန်းပညာချစ်မြတ်နိုးသူများအတွက် ညွှန်းဆိုပေးလိုက်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews