Cart

တတိယတံခါး

10000.00 MMK

Author: ရဲဦး
ID: #783 Pages:

"ဘဝ၊ စီးပွားရေး၊ အောင်မြင်မှု . . . ဒါတွေကို နိုက်ကလပ်တစ်ခုအဖြစ် တင်စားနိုင်ပြီး အထဲဝင်ဖို့ တံခါးသုံးခုရှိပါတယ်။ ပထမတံခါးက "ပင်မဝင်ပေါက်" ဖြစ်ပြီး ၉၉ ရာခိုင်နှုန်းသောသာမန်လူတွေက အပေါက်ဝမှာတန်းစီကာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းကြရပါတယ်။ ဒုတိယတံခါးက "အခွင့်ထူးခံလူတန်းစား" တွေအတွက် ဝင်ပေါက်ဖြစ်ပြီး အဲဒီတံခါးကနေ ဘီလီယံနာတွေ၊ မင်းသားမင်းသမီးနဲ့ နာမည်ကျော်တွေ အလျှိုလျှိုဝင်သွားလေ့ရှိကြပါတယ်။ ဒါပေမဲ့ သင့်ကို ဘယ်သူကမှပြောပြမထားတဲ့ နောက်တံခါးပေါက်တစ်ခုရှိပြီး အဲဒါကို တတိယတံခါး လို့ ခေါ်ပါတယ်။ အဲဒီတံခါးကနေ အထဲရောက်ဖို့ တစ်နည်းမဟုတ် တစ်နည်းတော့ အမြဲရှိနေတယ်" ဘီလ်ဂိတ်စ်၊ လေဒီဂါဂါနဲ့ ကမ္ဘာ့နယ်ပယ်အသီးသီးက အောင်မြင်မှုရရှိနေသူတွေဟာ သူတို့ဘဝနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို အောင်မြင်အောင် ဘယ်လို ဖောက်ထွက် လမ်းကြောင်း စထွင်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး Alex Banayan အမည်ရ ၁၈ နှစ်အရွယ် ကောလိပ်ကျောင်းသားလေးတစ်ဦးက လေ့လာစူးစမ်းခဲ့ပါတယ်။ အောင်မြင်သူတွေ ရှာဖွေတွေ့ရှိခဲ့တဲ့" တတိယတံခါးပေါက်" အကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ ဒီစာအုပ်မှာ Alex ရဲ့ ဇွဲနပဲ၊ မဆုတ်မနစ်အားထုတ်မှု၊ ကြုံတွေ့ဖြတ်သန်းရတဲ့ အခက်အခဲစိန်ခေါ်မှုတွေနဲ့ အဓိကသော့ချက် "တတိယတံခါးပေါက်" အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။

အဆင့်နှင့်မှတ်ချက်များ

User reviews