6000.00 MMK
Author:
ပြည့်ဖြိုးမောင်
ID: #847
Pages:
- အော့စ်ဝစ်ချ်နာဇီအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးရဲ့ဘဝအလှကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။ - ၁၉၂၀ ခုနှစ်က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဂျူးလူမျိုး Eddie Jaku ရဲ့ကလေးဘဝဟာ ပျော်စရာကောင်းခဲ့တယ်။ - ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ်မှာ သူ့ဘဝ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ နာဇီစစ်သားတွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံရပြီး အလွန် ရက်စက်ကြမ်းကြုတ်တဲ့နာဇီအကျဉ်းစခန်းတွေဆီကို အပို့ ခံခဲ့ရတယ်။ - နေ့ရောညပါ နှင်းတောထဲမှာ လမ်းလျှောက်ရလို့အကျဉ်းသားတစ်သောင်းခွဲလောက် သေဆုံးခဲ့တဲ့ သေမင်းတမန်ချီတက်ပွဲမှာ ပါဝင်ခဲ့ရတယ်။ - နောက်ဆုံးတော့ အယ်ဒီဟာ နာဇီအကျဉ်းစခန်းက နေ ထွက်ပြေးခဲ့တယ်။ သူ့ကို အမေရိကန်စစ်တပ်က ကယ်တင်ခဲ့တယ်။ - သူ ဘယ်လ်ဂျီယံနိုင်ငံမှာ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ မိသားစုနဲ့အတူ ဩစတေးလျနိုင်ငံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်တယ်။ - ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ သူ့ရဲ့ နာဇီအကျဉ်းစခန်း အတွေ့အကြုံ အဖြစ်အပျက်တွေကို ဟောပြောပေးရင်း အကျဉ်းစခန်းမှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ ဂျူးအကျဉ်းသားတွေကို ဂုဏ်ပြုခဲ့တယ်။ - အလွန်ကြမ်းကြုတ်ဆိုးဝါးတဲ့ အဖြစ်ဆိုးတွေနဲ့ သူ ကြုံတွေ့ခဲ့ရပေမယ့်လည်း Eddie ဟာ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူလို့ ခံယူထားတယ်။ - Eddieနဲ့ သူ့ဇနီးဟာ ၇၅ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ကြပြီး သားနှစ်ယောက်နဲ့ မြေးမြစ်တွေ အများကြီးရခဲ့တယ်။ ၂၀၂၁ ခုနှစ် အသက် ၁၀၁ နှစ်အရွယ်မှာ Eddie ကွယ်လွန်သွားခဲ့ပါတယ်။ - မူရင်းစာအုပ်ကို ဘာသာပေါင်း ၃၇ ဘာသာပြန်ဆိုခဲ့ကြတယ်။ Eddie ပေးချင်တဲ့ အမုန်းတရားမပြန့်ပွားရေး သတင်းစကားဟာ ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။