6000.00 MMK
Author:
ကိုဝ
ID: #919
Pages: 214
- နိုင်ငံတကာရုပ်သံလိုင်း Ted Talk ထုတ်လွှင့်မှုအစီအစဉ်ထဲက အာဂအမျိုးသမီးဆယ်ဦးရဲ့ ဘဝဖြတ်သန်းမှု၊ အဆိုးလောကဓံထဲကနေ မဆုတ်မနစ် ရုန်းကန်ကျော်ဖြတ်မှုနဲ့ သူတို့ရဲ့အောင်မြင်ရေးအတွေးအမြင်မျှဝေမှုတွေကို စိတ်ဝင်တစားဖတ်ရှုရပါမယ်။ - မတရားဖိနှိပ်မှုတွေ၊ ရှေးရိုးစွဲ ခေတ်ဟောင်းအယူအဆတွေ၊ မိန်းမသားတွေကို ချောင်ပိတ်စော်ကား လူရာမသွင်းမှုတွေ စတဲ့ အခြင်းအရာတွေကို ယခုစာအုပ်မှာ တွေ့ရပါမယ်။ - တစ်နည်းဆိုရရင် လူ့အဖွဲ့အစည်းရှိ ခေတ်နောက်ပြန်ဆွဲဓလေ့ထုံးစံဖိအားတွေရဲ့ အနှိပ်စက်ခံအနေအထားကနေ ရုန်းထွက်ဆန့်ကျင်ရဲသူ - ဆင်းရဲမွဲတေမှုနဲ့ ပြည်တွင်းစစ်ကြောင့် အသက်လောင်းကြေးထပ် ရေမြေသစ်မှာနေထိုင်ဖို့အတွက် စွန့်စားသူ - လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်သူတွေကို ရင်ဆိုင်တွန်းလှန်ပြီး ဥပဒေပြဋ္ဌာန်းကာကွယ်နိုင်အောင်ကြိုးပမ်းခဲ့သူ - ပြည့်တန်ဆာဘဝရောက်အောင် အနိုင်အထက်စည်းရုံးသိမ်းသွင်းခံခဲ့ရတဲ့အနေအထားမှ၊ ပြည့်တန်ဆာအဖြစ်မှ ရုန်းထွက်ခဲ့ရုံမျှမက ဘဝတူမိန်းကလေးငယ်တွေအတွက် ဖောင်ဒေးရှင်းထောင်ကာ ကာကွယ်ခဲ့သူ အစရှိတဲ့ သူမတူ အမျိုးသမီးတွေရဲ့ လောကဓံကို စိန်ခေါ် ကျော်လွှားအောင်မြင်ခဲ့ပုံတွေ၊ ခွန်အားဖြစ်စေတဲ့ သူတို့ရဲ့ ပြောစကားတွေကို ဒီစာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်။