5000.00 MMK
Author:
မြသန်းတင့်
ID: #960
Pages: 168
“အနုပဋိလောမရုပ်ဝါဒ၏ လောကအမြင်သည် ရှေ့နောက်ညီညွတ်၍ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသော အမြင်ဖြစ်သည်။ ထိုအမြင်သည် ကျွန်ုပ်တို့ခေတ်၏ ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းရှာဖွေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်” (မြသန်းတင့်) - အနုပဋိလောမရုပ်သဘောတရားကို သိပ္ပံနည်း၊ ရူပဗေဒနည်း၊ ဇီဝဗေဒနည်း၊ သင်္ချာဗေဒနည်း၊ ခန္ဓာဗေဒနည်းတို့နဲ့ ရှင်းလင်းဖော်ပြထားတာ ဖတ်ရှုရပါမယ်။ - ပါတီအဘိဓမ္မာ၊ ရုပ်ဝါဒနှင့် စိတ်ဝါဒ၊ စက်ယန္တရားရုပ်ဝါဒ၊ စက်ယန္တရားရုပ်ဝါဒမှ အနုပဋိလောမရုပ်ဝါဒသို့၊ ဖြစ်ပေါ်တိုးတက်မှုအား အနုပဋိလောမကျစွာ ခံယူပုံ တို့ကို အပိုင်း ၁ - ရုပ်ဝါဒမှာ ဖတ်ရှုလေ့လာရပါမယ်။ - အနုပဋိလောမ နှင့် တက္ကဗေဒ၊ ပြောင်းလဲမှုနှင့် အညမည ဆက်သွယ်မှု၊ ဖြစ်ပေါ်တိုးတက်မှု ဥပဒေသစ်များ၊ အသစ်နှင့်အဟောင်း၊ ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း၊ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး၊ အနုပဋိလောမရုပ်ဝါဒနှင့် သိပ္ပံပညာ တို့ကို အပိုင်း - ၂ အနုပဋိလောမမှာ ဖတ်ရှုရပါမယ်။ - "အနုပဋိလောမရုပ်ဝါဒဟာ ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်တာကြောင့် ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်မျိုး ဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။