; TODAY Book Store

Cart

ဒေါက်တာသာထွန်းဦး

ဒေါက်တာသာထွန်းဦး

## ကစဉ့်ကလျားကာလအတွင်း ခေါင်းဆောင်မှု ယနေ့လက်ရှိအဖွဲ့အစည်းများ၏ ခေါင်းဆောင်တိုင်းအနေဖြင့် မြင့်မားလာသည့် ပြိုင်ဆိုင်မှုနှင့်စိန်ခေါ်မှုအမျိုးမျိုး၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ လူမှုစီးပွားရေးဆိုင်ရာကျင...

ကစဉ့်ကလျားကာလအတွင်း ခေါင်းဆောင်မှု

ယနေ့လက်ရှိအဖွဲ့အစည်းများ၏ ခေါင်းဆောင်တိုင်းအနေဖြင့် မြင့်မားလာသည့် ပြိုင်ဆိုင်မှုနှင့်စိန်ခေါ်မှုအမျိုးမျိုး၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ လူမှုစီးပွားရေးဆိုင်ရာကျင့်ထုံးများ၊ တိုးတက်ဖွံ့ဖြိုးလာသည့် နည်းပညာ ဆိုင်ရာတို့၏ ပြောင်းလဲလာမှုများကို ရင်ဆိုင်နေရမည်ဖြစ်ပါသည်။ အရှိန်အဟုန်ပြင်းထန်စွာဖြင့် ပြောင်းလဲမှုမျိုးစုံကို ဖန်တီးနိုင်စွမ်းရှိသည့် ဒစ်ဂျစ်တယ်နည်းပညာများ၏ မထင်မှတ်သည့် အရွေ့အပြောင်းများ ကြောင့် နိုင်ငံရေးနှင့် လူမှုစီးပွား‌ရေးအခင်းအကျင်းများတွင် မမျှော်မှန်း နိုင်သည့် မတည်ငြိမ်ခြင်း (Volatile)၊ မသေချာခြင်း (Uncertain)၊ ရှုပ်ထွေးခြင်း (Complex)နှင့် သိသာထင်ရှားသောရှင်းလင်းချက်မရှိခြင်း (Ambiguous) တို့ကို လုပ်ငန်းနယ်ပယ်တိုင်းတွင် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း အဖွဲ့အစည်းတိုင်းအတွက် အရေးအကြီးဆုံးမှာ မှန်ကန်သောခေါင်းဆောင်မှု (Right Leadership) လိုအပ်ခြင်းဖြစ် ပါသည်။ လက်ရှိခေါင်းဆောင်မှု၏အဓိပ္ပာယ်ကို ဖွင့်လှစ်ရန်လိုအပ်သကဲ့သို့ ခေါင်းဆောင်လေ့ကျင့်ပျိုးထောင်မှုဆိုင်ရာနှင့် ခေါင်းဆောင်မှု ဆိုင်ရာ အလေ့အကျင့်များ၊ လုပ်ထုံးလုပ်နည်းများလည်းကိုလည်း ဆန်းစစ်ရန် လိုအပ်လာပြန်ပါသည်။ ဤစာအုပ်တွင် VUCA အခြေပြုသည့် စတုတ္ထစက်မှုတော်လှန်ရေး (Fourth Industrial Revolution - Industry 4.0) ကို ရင်ဆိုင် နိုင်စွမ်းရှိသည့် အရေးပါသောအချက်များကို ရှင်းလင်းစွာတင်ပြထားသည်သာမက အနာဂတ်ခေါင်းဆောင်များအတွက် အခြေခံကျသော၊ အရေးပါသော ကစဉ့်ကလျားကာလအတွင်းခေါင်းဆောင်မှု (Leadership in Disruptive Times) အရည်အချင်းများကို ဖော်ပြထားရာ COVID-19 အပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှုများကို အချိုးညီညီရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်ပါသည်။

သမ္မာကျမ်းလာ ခေါင်းဆောင်များထံမှ သင်ယူခြင်း

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်ကောင်းများစွာကို ရေးသားထုတ်ဝေသူ John C. Maxwell ၏ သမ္မာကျမ်းစာကို အခြေခံပြီးရေးသားထားသော Learning From The Giants စာအုပ်ကို ဘာသာပြန်ဆိုရေးသားထုတ်ဝေလိုက်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ခရစ်ယာန်သမ္မာကျမ်းစာ ဓမ္မဟောင်းလာ ယုံကြည်ခြင်းဆိုင်ရာသူရဲကောင်းများအနက်မှ သူရဲကောင်းကိုးဦး၏ ဘဝအတွေ့အကြုံနှင့် ခေါင်းဆောင်မှုအတွေ့အကြုံများကို လေ့လာရေးသားထားပါသည်။ ဧလိယ၊ ဧလိရှဲ၊ ယောဘ၊ ယာကုပ်၊ ဒေဗောရ၊ ဟေရှာယ၊ ယောန၊ ယောရှု၊ ဒံယေလ တို့၏ ဘုရားသခင်ထံမှ သင်ယူခဲ့သော ခေါင်းဆောင်မှုသင်ခန်းစာမျာကို သူတို့ တစ်ယောက်ချင်းစီနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့သည့်အလား ရေးသားတင်ဆက်ထားသော စာအုပ်ကောင်းတစ်အုပ်

လူအများနှင့် ညှိနှိုင်းဆက်ဆံခြင်း

ယနေ့ကမ္ဘာတွင် သန်းပေါင်းများစွာသော သူတို့အနေဖြင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် မဝံ့မရဲ ရှိုးတိုးရှန့်တန့် ရှက်ရွံ့စွာ ဖြတ်သန်းနေကြရပါသည်။

ငြင်းဆိုခြင်းသည် အပြစ်မဟုတ်ပါ

လူသားတိုင်းတွင် အပြောရအခက်ဆုံး၊ ပါးစပ်မှပြောမထွက်ဆုံး စကားတစ်ခွန်း ရှိသည်။ ယင်းစကားလုံးမှာ ငြင်းပယ်ခြင်းကို ကိုယ်စားပြုသော ဟင့်အင်း ဟူသည့် စကားလုံး ဖြစ်သည်။

အောင်မြင်လိုသူအတွက် အကြံပြုချက်များ

သမ္မာကျမ်းစာသည် ဉာဏ်ပညာနှင့် ဘာသာရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ထုံးများကို စုပေါင်းထားသော ကျင့်စဉ်တရား အဆီအနှစ်များပင် ဖြစ်သည်။

အစေခံခေါင်းဆောင်

အတ္တခေါင်းဆောင် နှင့် အစေခံခေါင်းဆောင် ...ထိရောက်သော ခေါင်းဆောင်မှုသည် အတွင်းမှ စတင်လေသည်။

သခင်ယေရှု၏ စီမံခန့်ခွဲနည်းအယူအဆများ

ခေါင်းဆောင်ကောင်းအတွက် မိမိ နောက်လိုက်များအားလုံး ချစ်ခင်လေးစားရုံမျှမက အားကိုးအားထားပြုခြင်းကိုပါ ခံစားထိုက်သူ ဖြစ်ရန် အဓိကအကျဆုံးမှာ စွန့်လွှတ်အနစ်နာခံခြင်းပင် ဖြစ်တော့သည်။